Homeပြည်တွင်းသတင်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပေါက်တောဒေသခံ ငါးဦးဒဏ်ရာရ

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပေါက်တောဒေသခံ ငါးဦးဒဏ်ရာရ

၁၁ နိုဝင်ဘာ ၂၀၂၅

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်ကို စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်လို့ ငါးဦးဒဏ်ရာရရှိသွားတယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာအာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် အမျိုးသမီးတဦးနဲ့အမျိုးသားလေးဦးစုစုပေါင်းငါးဦးမှာ အပြင်းစား၊ အသေးစားနဲ့အလတ်စား ဒဏ်ရာတွေရသွားတယ်လို့ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်တွေမြို့အခြေစိုက် ရေတပ်စခန်းနဲ့စစ်တွေမြို့၊ အမှတ် ၁၂ ရဲတပ်ရင်းက နိုဝင်ဘာာလ ၁၁ရက်၊ ဒီနေ့နေ့လယ် ၁၂နာရီခွဲအချိန်ခန့်က ပေါက်တောမြို့နဲ့ ငပြီကျွန်းအနီးကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ပေါက်တောမြို့၊ သရဲရွာလမ်းခွဆုံအနီးမှာ လက်နက်ကြီးကျည်လေးလုံး၊ ငပြီကျွန်းအနီးမှာ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်တွေမြို့အခြေစိုက်တပ်ရင်းတွေက အောက်တိုဘာလ ၂၉ရက်၊ နေ့လယ် ၂နာရီအချိန်ခန့်ကလည်း ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာဘက်သို့ လက်နက်ကြီးကျည်တွေပစ်ခတ်လို့ အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တဦးသေဆုံးသွားပြီး ဖခင်အပါအဝင်နှစ်ဦးဒဏ်ရာရရှိသွားပါတယ်။

အဲဒီအပြင် စစ်တွေမြို့ကပ်းစပ်အနီးရှိ စစ်ကော်မရှင်တပ်ရဲ့ စစ်ရေယာဉ်တစီးက စက်တင်ဘာလ ၁၇ရက်နေ့၊ ညနေပိုင်းအချိန်ကလည်း ပေါက်တောမြို့ နယ်ဘက်ကို လက်နက်ကြီးကျည်နဲ့လှမ်းပစ်ခတ်လို့ မင်းတဲကျေးရွာက အသက်နှစ်ဆယ့်ငါးနှစ်အရွယ် မလှသန်းနုမှာ ဘယ်ဖက်ရင်အုံကျည်စထိမှန် ဒဏ်ရာရခဲ့ပါတယ်။

News- BNA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး