စစ်တပ်က ရှမ်းမြောက်ဒေသမှာ ညီနောင်အဖွဲ့သုံးဖွဲ့တည်းက တအာင်းနှင့် ကိုးကန့်အဖွဲ့တွေကို အပစ်အခတ်ရပ်စဲပြီးနောက် မှာ ရခိုင်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်လာနေတယ်လို့ မြောက်ပိုင်းညီနောင်အဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်ဟာ ရခိုင်ပြည် တစ်ခုလုံးနီးပါးကို လက်လွှတ်ဆုံးရှုံးဖို့လက်တစ်ကမ်းအလိုကို ရောက်ရှိနေတဲ့အချိန်မှာ ရခိုင်ရိုးမနဲ့နယ်မြေချင်း ထိစပ်နေတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာ၀တီတိုင်းအစရှိတဲ့နေရာတွေအပြင် အာရက္ခတပ်တော်ရဲ့ စစ်ရေးလှုပ်ရှား နေရာအချို့ကိုပါ တပြိုင်တက်တည်းတိုက်ခိုက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် (AA) အနေနဲ့ မျှော်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အလုံးစုံ အပြည့်အ၀ အကောင်အထည်ပေါ်စေဖို့ အာရက္ခ ပြည်သူလူထုတစ်ရပ်လုံးနဲ့လက်တွဲပြီး အစွမ်းကုန် ကြိုးစားနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသစစ်ဆင်ရေးကျွံ့ဝင်သွားတာကို အခွင့်အကောင်းယူပြီး (AA) တပ်ဖွဲ့တွေ ရှိတဲ့နေရာသာမက ရခိုင်ပြည်သူလူထုတွေကို အဓိက ပစ် မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်တာတွေကို အောက်တိုဘာလ ၃၀ ရက်နေ့ကနေ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာဟာ
အောက်တိုဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းမှာ စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့နှင့် ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေရွာက အရပ်သားပြည်သူလူထုတွေရှိတဲ့နေရာကို လေကြောင်း၊ ရေ ကြောင်း၊ လက်နက်ကြီးနဲ့ဒရုန်းတွေအပါ
သူရဲဘောကြောင်စွာ တိုက်ခိုက်လာတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစခတပ်ဟာ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျကျူးလွန်နေပြီး လူသားမျိုးနွယ်အပေါ် လက်နက်အားကိုးနဲ့ ပြစ်မှုကျူး လွန်နေတာဖြစ်ပြီး၊ စစ်ရှုံးနေတာကို ဖုံးကွယ်ဖို့ ကြိုးစားအားထုတ်တဲ့အနေနဲ့အပြစ်မဲ့ ပြည်သူလူထုအပေါါ ကမ်းကုန်အောင် ရက်စက်ယုတ်မာနေတာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် ရခိုင်ဒေသက ပြည်သူတွေအနေနဲ့စစ်တပ်ရဲ့ လေကြောင်း၊ ရေ ကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်တဲ့ရန်ကို ယခင်နေ့ရက်တွေထက် ပိုမို သတိ ထားကြဖို့နဲ့ စစ်ရေးသတိအပြည့် အ၀ နေ့၊ ည အချိန်မရွေး ရှိကြဖို့အသိ ပေး တိုက်တွန်းထားပါတယ်


