Homeပြည်တွင်းသတင်းစစ်တပ်က ရေဦးမြို့နယ်ရှိ အင်ပုထိုးကျေးရွာကို လေကြောင်းနဲ့တိုက်ခိုက် အမျိုးသမီး တစ်ဦးသေဆုံး

စစ်တပ်က ရေဦးမြို့နယ်ရှိ အင်ပုထိုးကျေးရွာကို လေကြောင်းနဲ့တိုက်ခိုက် အမျိုးသမီး တစ်ဦးသေဆုံး

မေ၊၂၀၂၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို တိုက်ပွဲ မရှိဘဲ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရွှေဘိုခရိုင်တပ်ရင်း ၁၄ က ယနေ့နေ့ လယ်ပိုင်း မှာ သတင်းထုတ်ပြန်ပါတယ်။

ယနေ့မနက်ကိုးနာရီခန့်တွင် အကြမ်းဖက်စစ်တပ်က ရေဦးမြို့နယ်ရှိ အင်ပုထိုးကျေးရွာကို လေကြောင်းက နေ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အမျိုး သမီးတစ်ဦးက သေဆုံးပြီး ထိခိုက်သူနှစ်ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – YEU

ဆက်စပ် သတင်းများ

Most read