Homeပြည်တွင်းသတင်းစစ်တပ်က မိုးကုတ်မြို့ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁၂ ဦးသေ ဆုံး၊ ၁၄ ဦးထိခိုက်ဒဏ်ရာရ

စစ်တပ်က မိုးကုတ်မြို့ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁၂ ဦးသေ ဆုံး၊ ၁၄ ဦးထိခိုက်ဒဏ်ရာရ

ဩဂုတ် ၂၀၂၅

စစ်တပ်က မိုးကုတ်မြို့ကို ဒီနေ့ ဩဂုတ်၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်အချိန်မှာ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၁၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က သ တင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့တာဖြစ်ပြီး၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့်သံဃာတော် ၁ ပါး၊ ကလေး ၁ ဦးနဲ့ အမျိုးသား ၁၀ ဦးသေဆုံးခဲ့ပြီး အမျိုး သား ၁၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင်နေအိမ် ၁၀ အိမ်၊ ကား ၃ စီးနဲ့ဆိုင်ကယ် ၃ စီးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း အသိပေးထားပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ဟာ မြို့ကုတ်မြို့ကို ပြီးခဲ့သည့် ဇူလိုင်တစ်လအတွင်း လေကြောင်းက‌နေ အကြိမ်ရေ (၅)ကြိမ် ဗုံးများကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ဦး၊ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၆ဦး သေးဆုံးခဲ့ရပြီး ကလေး ၄ ဦး၊ အမျိုးသမီး ၁၂ဦးနဲ့အမျိုး သား ၂၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေ အိမ် (၃၈)အိမ်မှာလည်း ဗုံးစထိမှန်ပျက် စီးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်နိုင်ဖို့ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ သတိပေးထားပါတယ်။

ဓာတ်ပုံ-TNLA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး