စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဝေယံထက်ရှိန်းဆိုတဲ့ လူငယ်ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သူနီးစပ်တဲ့ အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
ဝေယံထက်ရှိန်းကို စက်တင်ဘာ ၂၂ နေ့မှာ CID က လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ၊ ရက် ၂၀ အကြာ ယမန်နေ့ အောင်တိုဘာ (၁၀)ရက်မှာ နေအိမ်ကိုပြန်လည်ရောက်ရှိလာပြီးဖြစ်တယ်လို့ သိရပါတယ်။
“စိုးရိမ်ပေးကြလို့ တကယ်စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။
ဝေယံထက်ရှိန်းဟာ အိုင်တီနည်ပညာ ကျွမ်းကျင်သူလို့သိရပြီး၊ အဲဒီနည်းပညာကြောင့် ဖမ်းဆီးစစ်ဆေးနေသလား၊ အခြားဘယ်လို အကြောင််််််််းကြောင့် ဖြစ်တယ်ဆိုတာကိုတော့ အခုအထိ မသိရသေးသလို သူဘက်ကလည်း တစုံတရာပြောဆိုတာမျိုးမရှိပါဘူး။
သူဟာ ရန်ကုန်မြို့က ပန်းခြံတခုအတွင်း ကျောင်းသားအရွယ်လူငယ်လေးတဦးကို အခြား လူငယ် ၆ ဦးနဲ့အထက်က ဝိုင်းဝန်းထိုးကြိတ်ကန်ကြောက်ခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာခဲ့တဲ့အပေါ် ကြားကနေ ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီးတော့ အဲဒီပြဿနာဖြေရှင်းပြီးချိန်မှာ စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဘဲဖြစ်ပါတယ်။
ဓာတ်ပုံ- Wai Yan Htet Shane


