၃၀ အောက်တိုဘာ၊ ၂၀၂၄
မြန်မာစစ်တပ်ကို လေယာဉ်ဆီနဲ့ စက်ကိရိယာတွေပံ့ပိုးနေတဲ့ အဖွဲ့အစည်း ၅ ခုကို ပိတ်ဆို့ အရေးယူလိုက်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အောက်တိုဘာလ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြိမ်အရေအတွက် အများ ဆုံး မှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။
ပိတ်ဆို့အရေးယူခံရတဲ့ကုမ္ပဏီစာရင်းမှာ – Asia Sun Group Company Limited၊ Swan Energy Company Limited ၊ Myan-Oil Company Limited ၊ Rich Ray Trading Company Limited ၊ Progress Technology Support Company Limited (a.k.a Royal Shune Lei) ၊ King Royal Technologies Company Limited တို့ ဖြစ်ပါတယ်။
ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သတ်ပြီး အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က “နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများ ကိုလေကြောင်းတိုက်ခိုက်မှု တွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ။” လို့ ဆိုပါတယ်။
ယူကေဟာ မြန်မာစစ်တပ်ကို လေယာဉ်ဆီနဲ့ စက်ကိရိယာတွေ ဖြန့်ဖြူးရောင်းချသူတွေကို ပစ်မှတ်ထားပြီး အရေးယူတဲ့အတွက် စစ်တပ်ကို ဖိအားပိုတိုးစေမှာ ဖြစ်တယ်လို့ သူမက ပြောဆိုပါတယ် တာဝန်ခံမှု၊ တရားမျှ တမှုရှိရန်နဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ ယူကေဟာ ဥရောပ သမဂ္ဂ၊ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးတွဲတောင်း ဆိုကြောင်းနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ ၄င်းတို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂါတ် အတွက် ကူညီထောက်ပံ့မှုတွေနဲ့အတူ အခိုင်အမာ ရပ်တည်နေမယ်လို့ ဆိုပါတယ်။
ပုံစာ – အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West
Photo – cathrinewest.org.uk