စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွတ်သွားမှာ မဟုတ်ဘူးလို့ သံတမန်ရင်းမြစ်တွေက AFP သတင်းဌာနကို ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ သူ့တို့ပြုလုပ်မယ့် ရွေး ကောက်ပွဲအတွက် စောင့်ကြည့်လေ့လာ သူတွေ စေလွှတ်ဖို့ အာဆီယံကို တောင်းဆိုထားပေမယ့် စစ်ကော်မရှင်ဟာ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံအကြား ဘုံသဘော တူညီချက်ကို လုပ်ဆောင်တာမရှိတာကြောင့် စေလွတ်သွားမှာမဟုတ်ဘူးလို့ပြောကြားထားပါတယ်။
ဒါအပြင် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဖို့ အာဆီယံအဖွဲ့အစည်းရဲ့အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီချက်မရရှိခဲ့ဘူးလို့လည်း အဲဒီသံတမန်က AFP ကို ပြောကြားထားပါတယ်။
တမြန်နေ့ အောက်တိုဘာ ၂၆ရက်က မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်လို့ အ လွန်အမင်းစိုးရိမ်ကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် ထိရောက်တဲ့တိုးတက်မှုမရှိတဲ့အပေါ်လည်း သတိပေးတယ်လို့ အာဆီယံခေါင်းဆောင်တွေပူးပေါင်းပြီး ကြေ ညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါအပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တော်နီယို ဂူတာရက်စ်ကလည်း မြန်မာမှာ စစ်တပ်က ကျင်းပမယ်လို့ ပြောနေတဲ့ရွေးကောက်ပွဲကို ပွင့်လင်းမျှတမယ်လို့ ယုံကြည်သူ မရှိလောက်ဘူးလို့ ကွာလာလမ်ပူမြို့မှာ အောက်တိုဘာလ ၂၇ ရက်ကပြုလုပ်တဲ့ အာဆီယံ – ကုလသမဂ္ဂ ဆွေးနွေးပွဲအပြီးမှာပြောကြားခဲ့ပါတယ်။
စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးခွင့်ပြုတဲ့ ဒီနေ့ အောက်တိုဘာ ၂၈ ရက် ကစလို့ ဒီဇင်ဘာ ၃၁ ရက်အထိ ကာလကို ရွေး ကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ရေးကာလလို့ သတ်မှတ်တယ်လို့ အထွေ ထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)ကလည်း ထုတ်ပြန်ထားပါတယ်။


