Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းလျောက်ထားမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အသိအမှတ်ပြု

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းလျောက်ထားမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အသိအမှတ်ပြု

၂၂ ဧပြီ၊ ၂၀၂၅

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ ဖမ်း၀ရန်းလျောက်ထားမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၈) ကြိမ်မြောက် အစည်းအဝေးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မှာ အသိအမှတ်ပြုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် လူမျိုးသုန်းသတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက်မှုကြူးလွန်ခဲ့တာတွေအတွက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေ Karim A.A. Khan KC က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ လျောက်ထားခဲ့တာဖြစ်ပါတယ်။

ဒါကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၅၈) ကြိမ်မြောက် အစည်းအဝေး ရဲ့ ဧပြီ ၃ ရက်နေ့မှာ ဆုံးဖြတ်ချက်တခုအနေနဲ့ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေကတော့ မတ်လ ငလျင်ကြောင့ဘေးဒဏ်ခံခဲ့ရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် စာနာပြီး တိုက်ခိုက်မှုအားလုံးကိုရပ်တန့်ဖို့၊ ထိခိုက်ခံစားရသူတွေထံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတားအဆီးမရှိပေးအပ်ဖို့၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အကြမ်းဖက်မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရန်းလျောက်ထားမှုကို အသိအမှတ်ပြုတာ၊ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ နိုင်ငံတကာက မတင်ပို့ဖို့ တိုက်တွန်းတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ရောမဥပဒေ အပိုဒ် ၁၂ (၃) အရ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကိုလက်ခံဖို့ NUG ရဲ့ကတိကဝတ်ပြုမှုကို အသိအမှတ်ပြုတာနဲ့ NUG ရဲ့”ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများဆိုင်ရာ မူဝါဒရပ်တည်ချက်”အကောင်အထည်ဖော်မှု အပေါ် နောက်ဆုံးရအခြေအနေအပ်ဒိတ်ပေးဖို့ တိုက်တွန်းတာ၊ စစ်တပ်အပါအဝင် နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းအားလုံးဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည့်၀သောကိုယ်စားပြုမှုရှိတဲ့ အရပ်သားအစိုးရအောက်တွင် အမှုထမ်းရမှာဖြစ်ကြောင်းတိုက်တွန်းချက်နဲ့ အာဂျင်တီးနားတရားရုံးက ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် စစ်ဗိုလ်ချုပ်တွေ ကို ကမ္ဘာနေရာတိုင်းမှာ တရားစီရင်ပိုင်ခွင့်အရ နိုင်ငံတကာဖမ်းဝရမ်းတွေ ထုတ်ပြန်တာကို ဂရုပြုခဲ့ကြောင်း ဆုံးဖြတ်ချက်တွေလည်း ပါဝင်ပါတယ်။

အခုဆုံးဖြတ်ချက်တွေ ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံကို ဖိအားသက်ရောက်စေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ကို ဆက်လက်ဖော်ဆောင်ပြီး စစ်အုပ်စုအပေါ် ပြစ်ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ လိုတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – EPA

ဆက်စပ် သတင်းများ

Most read