Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံ BIMSTEC ထိပ်သီးအစည်းအဝေးသို့တတ်ရောက်မည်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံ BIMSTEC ထိပ်သီးအစည်းအဝေးသို့တတ်ရောက်မည်

၂၃ မတ်၊ ၂၀၂၅

ထိုင်းဝန်ကြီးချုပ် ပက်ထောင်တန် ရှင်နာဝပ်အစိုးရက ပထမဆုံး ဦးဆောင်ကျင်းပမယ့် ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်တတ်ရောက်မယ်လို့ သိရပါတယ်။

၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကိုထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများရဲ့ ဘက်စုံနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဘင်းစတက် (BIMSTEC) အစည်းအဝေးကို တတ်ရောက်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဧပြီလ ၃ ရက်နဲ့ ၄ ရက်နေ့မှာ ဘန်ကောက်မြို့ကို ရောက်ရှိမှာဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်ဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ဘူတန်၊ နီပေါ နဲ့ ထိုင်းနိုင်ငံတို့ပါဝင်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာစတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေးကို မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ယခုတတ်ရောက်မယ့် ဘန်ကောက်ခရီးစဥ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရောက်ရှိမယ့်ခရီးစဉ်ဖြစ်ပါတယ်။

ပုံစာ – ၂၀၂၄ ခုနှစ်က မြန်မာနိုင်ငံမှာ BIMSTEC ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့စဉ်

ဓါတ်ပုံ – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read