Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကအကြမ်းဖက်လုပ်ရပ်တွေကို တားရမယ့် အစားမြှောက်ပင့်ပေးနေတယ်လို့ ငြိမ်းချမ်းရေး သံဃသမဂ္ဂပြော

စစ်ခေါင်းဆောင် ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကအကြမ်းဖက်လုပ်ရပ်တွေကို တားရမယ့် အစားမြှောက်ပင့်ပေးနေတယ်လို့ ငြိမ်းချမ်းရေး သံဃသမဂ္ဂပြော

၁၄ မေ၊ ၂၀၂၅

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့ကြောင့် ဗုဒ္ဓဘာသာဟာ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် သောင်းကျန်းသူ အစွန်းရောက် စစ်သွေးကြွအဖွဲ့ ဖြစ်နေပြီလို့ ငြိမ်းချမ်းရေး သံဃသမဂ္ဂက ထုတ်ပြန်ပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့က ကိုးကွယ်တဲ့ သီတဂူဆရာတော်၊ဦးဆေကိန္ဒ၊ဦးဝီရသူ အစရှိတဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကိုယ်တိုင်က အကြမ်းဖက် သောင်းကြမ်းတဲ့လုပ်ရက်တွေကို တားမြစ်ရမဲ့အစား မြှောက်ပင့်ပေးနေတော့ ဗုဒ္ဓဘာသာကို ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် သောင်းကျန်းသူ အစွန်းရောက် စစ်သွေးကြွအဖွဲ့”လို့ မြင်လာကြ ပြောလာကြတာကိုလဲ နာစရာမရှိတော့ပါဘူး။”လို့ ၂၀၂၅ ခုနှစ် မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့ဟာ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ် အကြင်နာတရားကင်းမဲ့ခြင်း၊သနားညှာတာမှုခေါင်းပါးခြင်း၊ကိုယ်ချင်းစာတရားမရှိသည့်အပြင် အလွန်တရာ စက်ဆုတ် ရွံရှာစရာကောင်းတဲ့ ဗုံးကြဲသတ်ဖြတ်အောက်တန်းကျတဲ့ လုပ်ရက်ကို မရှက်မကြောက် ထပ်တလဲလဲ ကျူးလွန်နေတာကြောင့် စစ်ကောင်စီအဖွဲ့ရဲ့ ကျူးလွန်မှုတွေကို စစ်ရာဇဝတ်မှုနဲ့ အမြန်ဆုံးအရေးယူနိုင်ဖို့၀ိုင်း၀န်းဆောင်ရွက်ပေးကြဖို့ ငြိမ်းချမ်းရေး သံဃသမဂ္ဂအဖွဲ့ကတောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်စပ် သတင်းများ

Most read