ကမ္ဘာ့နိုင်ငံ ၉၂ နိုင်ငံကနေ အမေရိကန်နိုင်ငံကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအတွက် စည်းကြပ်ခွန်နှုန်းထားတွေကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီအထဲမှာ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံက က အခွန် ၄၀ ပေးဆောင်ရမှာဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲမှာ အခွန်အများဆုံးပေးရမယ့် နိုင်ငံတွေဖြစ်ပါတယ်။ အများဆုံးအခွန်ကောက်ခံတဲ့ နိုင်ငံကတော့ ၄၁ ရာခိုင်နှုန်းနဲ့ ဆီးရီးယားနိုင်ငံဖြစ်ပါတယ်။ ဒီအခွန်နှုန်းထားတွေဟာ ဩဂုတ်လ ၇ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။
ဒီမတိုင်ခင်က သမ္မတထရမ့်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံကို မြန်မာနိုင်ငံကို အခွန်ကောက်ခံမယ့် အကြောင်းစာပေးပို့ခဲ့ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိပဲ ကောက်ခံဖို့ ညှိနှိုင်းလိုတယ် ဆိုပြီး စာပြန်လည်ပေးပို့ခဲ့ပါတယ်။
ဒါပေမယ့် သမ္မတထရမ့်ကတော့ စစ်ခေါင်းဆောင်ကို ပြန်လည် အဖက်မလုပ်ဘဲ အခုလို အခွန် ၄၀ ရာခိုင်နှုန်းပဲ ကောက်ခံတာဖြစ်ပါတယ်။ အမေရိကန် က နေ စာပေးပို့တာကြောင့် အစိုးရအဖြစ် အသိအမှတ်ပြုတာကို စစ်ခေါင်းဆောင်က လိုချင်ပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မှုအရလည်း လာမယ်နှစ်ကုန်မှာ စစ်ကောင်စီက ပြုလုပ်ဖို့ရှိနေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန် ထိပ်တန်းအရာရှိ ရှောင်အိုနေးလ်က ပြောကြားခဲ့ပါတယ်။


