Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ တွေ့ဆုံပြီးရွေးကောက်ပွဲကို တရုတ်က ကြိုဆိုကြောင်း ကြေညာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ တွေ့ဆုံပြီးရွေးကောက်ပွဲကို တရုတ်က ကြိုဆိုကြောင်း ကြေညာ

ဩဂုတ် ၁၄၊ ၂၀၂၄

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက် နေ့လည်ပိုင်းမှာ နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို စစ်ကောင်စီက လက်ခံတွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံဆွေးနွေးမှုမှာ တရုတ်နိုင်ငံက ၂၀၂၅ခုနှစ်မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲကို လက်ခံကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံ ဖွံဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်မှုကို ကြိုဆိုကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနတွေက ဒီနေ့ ဩဂုတ် ၁၄ ရက် ညပိုင်းသတင်းအစီအစဉ်တွေမှာ ထုတ်လွှင့်ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ကိုးကြိမ်မြောက် မဲခေါင် – လန်ချန်းပူး ပေါင်းဆောင်ရွက်ရေးအစီအစဉ်နဲ့ မဲခေါင်ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်တာ ဖြစ် တယ်လို့ ကြေညာထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိမလာခင် တရုတ်အထူးကိုယ်စားလှယ်တိန့်ရွီကျွင်းက စစ်ခေါင်းဆောင်နဲ့ လာရောက် တွေ့ဆုံပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေအတွက် ဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဘက်က ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်း ခဲ့တယ် လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဒီခရီးစဉ်မှာ တွေ့ဆုံဖို့မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော် မင်းထွန်းက အတည်ပြုထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read