Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်က လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့ အပြင် သရုပ်ဆောင်တွေကို အလင်္ကာကျော်စွာဘွဲ့ပေး၊ သေဆုံးပြီးသူတွေကိုလည်း...

စစ်ခေါင်းဆောင်က လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်တို့ အပြင် သရုပ်ဆောင်တွေကို အလင်္ကာကျော်စွာဘွဲ့ပေး၊ သေဆုံးပြီးသူတွေကိုလည်း ဘွဲ့တွေပေး

၄ ဇန်နဝါရီ ၂၀၂၅

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူတွေ နဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး တာဝန်တွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ် ၁၈၄ ယောက်ကို ဂုဏ်ထူးဆောင်ဘွဲ၊ ဂုဏ်ထူး ဆောင် တံဆိပ်တွေ ချီးမြှင့် အပ်နှင်းလိုက်တယ်လို့ ဇန်နဝါရီ ၄ ရက်မှာ အမိန်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါတယ်။

အဲ့တာကတော့ စည်သူဘွဲ့ ရရှိသူ ၂၈ ဦး အပါအဝင် လူ ၁၈၄ ဦး ကိုဂုဏ်ထူးဆောင်ဘွဲ့၊ ‌တံဆိပ်များ ချီးမြှင့်တယ်ဆိုပြီးဖြစ်ပါတယ်။

ပြည်ထောင်စု စည်သူသင်္ဂဟ ဘွဲဖြစ်တဲ့ စည်သူဘွဲ ချီးမြှင့်ခံရသူ ၂၈ ယောက်ရှိပြီး အဲဒီထဲမှာ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း၊ စာရေးဆရာတွေ ဖြစ်တဲ့ ဦးအုန်းဖေ (တက်တိုး) နဲ့ ဦးစိုးညွန့် (ထီလာစစ်သူ)၊ ဆိုင်းပညာရှင်တွေ ဖြစ်တဲ့ စိန်ဗိုလ်တင့် နဲ့ စိန်စတင်း၊ ရုပ်ရှင် သရုပ်ဆောင် တွေ ဖြစ်တဲ့ ကြည်ကြည်ဌေး၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မိုမိုမြင့်အောင်၊ ရန်အောင်၊ မေသန်းနု၊ ပြေတီဦး၊ နေတိုး၊ ဒါရိုက်တာတွေ ဖြစ်တဲ့ ဦးသုခ၊ မောင်တင်ဦး နဲ့ ဝိုင်း၊ အတတ်ပညာရှင်တွေဖြစ်တဲ့ ဂီတလုလင် ဦးကိုကို၊ သန်းညွန့် (ပန်းသာ) နဲ့ ဇော်မင်း(ဟံသာမြေ) တို ပါဝင်တာ တွေ့ရပါတယ်။

တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင် ဘွဲဖြစ်တဲ့ သီဟသူရဘွဲကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူး ဝေယံလင်း နဲ့ ဒုတိယအရာခံဗိုလ် ကီးရှယ် တိုတို့ပါတယ်။

စစ်ခေါင်းဆောင်က အလင်္ကာကျော်စွာဘွဲ ချီးမြှင့်ခံရသူ ၅၂ ယောက်ကို ကြေညာခဲ့ပြီး အဲဒီထဲမှာ စာရေးဆရာ၊ သတင်းစာ ဆရာ လူထု ဦးလှ၊ ‌လူထု ဒေါ်အမာ၊ စာရေးဆရာ မြသန်းတင့်၊ ဦးသိန်းဖေ (သိန်းဖေမြင့်)၊ ဦးဌေးမြိုင် (ဒဂုန်တာရာ) ၊ဦးမိုးနှင်း (ပီမိုးနင်း)၊ ဦးစိန်တင် (သိပ္ပံမောင်ဝ)၊ ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)၊ တေးရေးပညာရှင် မြသန်းစံ၊ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၊ သရုပ်ဆောင် တွေ ဖြစ်တဲ့ ရွှေဘ၊ ထွန်းဝေ၊ ဦးကျောက်လုံး၊ ခင်ယုမေ၊ ဒေစီကျော်ဝင်း၊ အံ့ကျော်၊ ဇော်ဝမ်း၊ နေအောင်၊ ခင်သီတာထွန်း၊ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည် တို ပါဝင်တာ တွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး