၁၄ နိုဝင်ဘာ၊ ၂၀၂၄
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်အပြန်ကို လေဆိပ်မှာသွားရောက်ကြိုဆိုခဲ့တဲ့ သရုပ်ဆောင် ရန်အောင်ရဲ့အိမ်ကို ပြင်းအားပျော့မိုင်း ဖောက်ခွဲပြီး သတိပေးခဲ့တယ်လို့ Dark Shadow အဖွဲ့ကဆိုပါတယ်။
နိုဝင်ဘာ ၁၄ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ် မှာ ရန်ကင်းမြို့နယ် ဘောက်ထော် မြရတနာလမ်းနေ စစ်ကောင်စီထောက်ခံအားပေး အနုပညာရှင်အမည်ခံ ရန်အောင်ရဲ့ နေအိမ် ကို ပြင်းအားပျော့မိုင်းအသုံးပြုပြီး သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အနုပညာရှင်အမည်ခံတဲ့ရန်အောင်ဟာအရပ်သားပြည်သူတွေကိုနေ့စဉ်ဒုက္ခပေးနေတဲ့ စစ်ခေါင်းဆောင် နဲ့တကွစစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့အနုပညာရှင်တစ်ဦးဖြစ်ကြောင်းလည်းသတင်းနဲ့ဆိုရှယ်မီဒီယာတွေမှာထင်ထင်ရှားရှားတွေ့မြင်နေရတယ်လို့ အဖွဲ့ကဆိုပါတယ်။
ကျန်တဲ့စစ်ကောင်စီအားပေးတဲ့ အနုပညာရှင်တွေကိုလည်းသတိပေးလိုက်တယ်လို့ သူတို့က ပြောဆိုပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေကို သွားလာခြင်းမပြုဖို့နဲ့ ဝေးဝေးကရှောင်ရှားသွားလာဖို့ မေတ္တာရပ်ခံေကြာင်း Dark Shadow အဖွဲ့ကဆိုထားပါတယ်။
Dark Shadow အဖွဲ့ဟာ စစ်ကောင်စီတပ်စခန်းကင်းစခန်းေတွ ရှိရာနေရာနဲ့ စစ်ကောင်စီနဲ့နီးစပ်သူ ၊ပက်သက်ဆက်နွယ်နေသူတို့ ရှိတဲ့ေနရာေတွကို ဖောက်ခွဲရေးပြုလုပ်ပြီးတော်လှန်နေတဲ့ ရန်ကုန်အခြေစိုက်မြေအောက်အဖွဲ့ဖြစ်ပါတယ်။
Photo – Dark Shadow