Homeပြည်တွင်းသတင်းစစ်ကော်မရှင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိသားစုဝင် ၄ဦးမှာ ၁ဦး သေ၊ ၃ဦး ဒဏ်ရာရ

စစ်ကော်မရှင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိသားစုဝင် ၄ဦးမှာ ၁ဦး သေ၊ ၃ဦး ဒဏ်ရာရ

ဩဂုတ် ၂၀၂၅

ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလော‌ကျေးရွာအုပ်စု၊ လက်ပံပြင်ကျေးရွာအတွင်းကိုစစ်ကော်မရှင်ဟာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိသား စုဝင် ၄ ဦးမှာ ၁ဦး သေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသား အ စည်းအရုံး(KNU)က မနေ့ ဇူလိုင်၃၁ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ရက် ဇူလိုင် ၂၆ ရက် မွန်းလွဲ၂ နာရီအချိန်မှာ တိုက် ခိုက်ခံတာဖြစ်ပြီး၊ လက်ပံ့ပြင်ကျေးရွာကမိသားစုတစ်စုဖြစ်‌တဲ့ အသက် ၃၂နှစ်အရွယ်စောကျော်လင်း(ခ)စောဒိုခို သေ ဆုံးပြီး၊ အသက် ၃၀အရွယ် နော်ညိုးညိုနဲ့ အသက် ၇ နှစ်အရွယ် စောဗိုလ်စန်းဘက် အသက် ၄နှစ်အရွယ် နော်စုသိန်းအောင်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဒါအပြင် ကျေးရွာအတွင်းမှာရှိတဲ့ခရစ် ယာန်ဘာသာရေးခန်းမဆောင်တစ်လုံးပျက်စီးပြီး၊ အဲဒီ ခန်းမဆောင်ဟာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ပညာသင်ကြားရေးအတွက် အသုံးပြုနေရတဲ့စာသင်ကျောင်းဆောင်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောအခြေအနေတွေအရ အကြမ်းဖက်စစ်ကော်မရှင်ဟာ ကလေး

တွေစာသင်ကြားတဲ့ စာသင်ကျောင်းတွေ

ကို ပစ်မှတ်ထားတိုက်ခိုက်‌နေတာကြောင့် ကလေးတွေကို စာသင်ကျောင်းထဲမှာ ပညာမသင်ကြားဝံ့တော့ဘဲ လုံခြုံတဲ့နေရာတွေမှာ သင်ကြားပေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ စစ်ရေးပစ်မှတ်မဟုတ်တြဲ ကလေးတွေစာသင်ကြားရာ ကျောင်းဆောင်တွေနဲ့ ဘာသာရေအဆောက်အအုံတွေကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း KNU က ဖော်ပြထားပါတယ်။

ပုံစာ- လေကြောင်းတိုက်ခိုက်တာကြောင့်

ထိခိုက်ပျက်စီးခဲ့တဲြခရစ်ယာန်ဘာသာရေး ခန်းမဆောင်နဲ့ ထိခိုက်သေဆုံးခဲ့တဲ့မိသားစုဝင်တစ်ဦး(KNU)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး