Homeပြည်တွင်းသတင်းစစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် ဖုန်းအော်ပရေတာတွေကနေ စာတိုပို့နေ

စစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် ဖုန်းအော်ပရေတာတွေကနေ စာတိုပို့နေ

၂၄ ဩဂုတ်၂၀၂၅

စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဖုန်းအော်ပရေတာတွေကနေတဆင့် မက်ဆေ့စ်ပေးပို့ပြီးနှိုးဆော်တာမျိုးတွေကို ဒီနေ့ ဩဂုတ် ၂၄ရက်က စတင်ပြီး ပြုလုပ်လာနေတယ်လို့ ရန်ကုန်မြို့နေ မိုဘိုင်း ဖုန်းသုံးစွဲသူတွေဆီကနေသိရပါတယ်။

“မက်ဆေ့စ်ဝင်လာတာဒီနေ့ ၃နာရီလောက်မှာ စဝင်လာတာ၊ တလုံးနဲ့တလုံး တော့ အချိန်နည်းနည်းကွာခြားတာမျိုးရှိတာပေါ့။”လို့ဆိုပါတယ်။

ရွေးကောက်ပွဲအတွက် သတိပေးမက်ဆေ့စ်ပေးပို့မှုဟာ တယ်လီနောအော်ရေတာကနေ ပေးပို့တာဖြစ်ပြီး အခြားဖုန်းအော်ပရေတာတွေကနေ ပေးပို့တာမျိုးမတွေ့ရသေးဘူးလို့ ကနဦး သိရပါတယ်။

ပေးပို့တဲ့ မက်ဆေ့စ်မှာ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်၌ ၂၈-၁၂-၂၀၂၅ ရက်နေ့(တနင်္ဂနွေနေ့)တွင် စတင်ကျင်းပပါမည်။ဆက်လက်ကျင်းပမည့်အပိုင်းလိုက်နေ့ရက်နှင့် မြို့နယ်များစာရင်းကိုလည်းထုတ်ပြန်ပေးသွားမည်။”လို့ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး