လာမယ့် ဒီဇင်ဘာလ ၂၈ မှာ စစ်ကော် မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ တပြည်လုံးအနေနဲ့ ဝင်ပြိုင်မဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တင်သွင်းထားတာဟာ ၁,၀၁၈ ဦးနဲ့အများဆုံးဖြစ်နေတာတွေ့ရပါတယ်။
စစ်ကော်မရှင် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၇ပါတီမှာကိုယ်စားလှယ်လောင်း တင်သွင်းထားရာမှာ ကြံ့ခိုင်ရေးပါတီက အများဆုံးဖြစ်တာကို တွေ့ရတာပါ။
ကိုယ်စားလှယ်လောင်း တင်သွင်းထားတဲ့ ပါတီအလိုက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ၁,၀၁၈ ဦး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ ၆၉၄ ဦး၊ ပြည်သူ့ရှေ့ ဆောင်ပါတီ ၆၇၂ ဦး၊ မြန်မာနိုင်ငံတောင် သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပါတီ ၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ၅၈၄ ဦး၊ ပြည်သူ့ပါတီ ၅၁၂ ဦး၊ တိုင်း ပြည်နယ်တခုအတွင်း စည်းရုံးမဲ့နိုင်ငံရေးပါတီ ၅၁ ပါတီက စုစုပေါင်း၉၆၀ ဦးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၉၅ ဦးတို့ ရှိနေတာဖြစ်တယ်လို့ စစ်အုပ်စု လက်အောက်ခံ ရွှေး/ကော်က စက်တင် ဘာ ၂၃ ရက် မနေ့က ညနေပိုင်းမှာ ထုတ်ပြန်အသိပေးလာတာဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုတာတွေကို စက်တင်ဘာ ၂၃ ရက်ကနေအောက်တိုဘာ ၄ ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးက စိစစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲ ၃ လအလိုမှာ ရွေးကောင်ပွဲကို ထောက်ခံတဲ့ ရုရှားနိုင်ငံကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သွားရောက်မှာဖြစ်ပြီး၊ အဲဒီသွားရောက်တဲ့ ခရီးစဉ်ဟာ ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ် (World Atomic Week Forum)ဖြစ်တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-သာကေတမြို့နယ်မှာ ပါဝင်ဝင်တွေနဲ့တွေ့ဆုံခဲ့တဲ့ ကြံခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ


