Homeပြည်တွင်းသတင်းစစ်ကော်မရှင် တပ်ဖွဲ့ဝင် နှစ်ဦး လက်နက်တွေနဲ့အတူ KNLA ဆီမှာ အလင်းဝင်

စစ်ကော်မရှင် တပ်ဖွဲ့ဝင် နှစ်ဦး လက်နက်တွေနဲ့အတူ KNLA ဆီမှာ အလင်းဝင်

ဩဂုတ် ၂၀၂၅

စစ်ကော်မရှင် တပ်ဖွဲ့ဝင်နှစ်ဦးဟာ မနေ့က ဩဂုတ် ၄ ရက်နေ့မှာ လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)၊ တပ် ရင်း(၁၂)၊ တပ်ခွဲ(၂)ဆီကိုအလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အဲဒီ စစ်‌ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးဆီမှာ MA-1(၁)လက်၊ MA-2(၁)လက်၊ ကျည်‌ဆံ (၄၀၀)၊ ကျည်ဘောက်(၈)ခုနဲ့ဘက်ပြောင်းခိုလှုံလာတာဖြစ်တယ်လို့ KNU ကအသိပေးထားပါတယ်။

အလင်းဝသ်လာသူနှစ်ဦးဟာ အသက် (၄၂)နှစ်အရွယ် မောင်‌မင်းစိုး၊ အသက် (၂၀)နှစ်အရွယ် မောင်ဇော်ဇော်တိုသူတို့ပဖြစ်ပြီး၊ သူတို့ကို အရင်က အလင်းဝင်ဘက်ပြောင်းခိုလှုံလာသူ တပ်သား မောင်ကျော်ကျော်ရဲ့ ချိတ်ဆက်အကူညီနဲ့ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဘက်ပြောင်းခိုလှုံလာတဲ့တပ် သားနှစ်ဦးကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ် ရင်း(၁၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးက ဂုဏ်ပြုဆုချီးမြှင့်ငွေ တစ်ဦးကို သိန်း(၄၀)စီ ပေးအပ်ဂုဏ်ပြုခဲ့ပြီး ၎င်းတပ်သား(၂)ဦး ဘက်ပြောင်းခိုလှုံဖို့ကူညီဆက်သွယ်ပေးခဲ့တဲ့ တပ်သားမောင်ကျော်ကျော်ကိုလည်း ဂုဏ်ပြုငွေ သိန်း (၂၀)ပေးအပ်ခဲ့တယ်လို့ KNU ကအသိ‌ ပေးဖော်ပြထားပါတယ်။

ဓာတ်ပုံ-KNU

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး