စစ်ကော်မရှင်ဟာ PSMS ဆိုတဲ့စနစ်နဲ့ ပြည်သူတွေကို မပြတ်စောင့်ကြည့်နေတဲ့အပြင် အဲဒီစနစ်ကြောင့် ဖမ်းဆီးခံရတဲ့ပြည်သူ ၁၆၅၀ဦး ကျော်ရှိလာပြီဖြစ်တယ်လို့ အသံအဖွဲ့ရဲ့ အသိပေးချက်အရ သိရပါတယ်။
PSMS (Person Scrutinization and Monitorying System)စနစ်ဆိုတာဟာစစ်ကော်မရှင်ကို ဆန့်ကျင်ပုန်ကန်လာမဲ့ ပြည်သူတဦးတယောက်ချင်းစီကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ဖိနှိပ်နိုင်ဖို့ လုပ် ဆောင်ထားတဲ့ စနစ်တခုဖြစ်တယ်လို့သိရပါတယ်။
ဒီလိုစောင့်ကြည့်ရာမှာ ဆိုရှယ်မီဒီယာကတဆင့် စောင့်ကြည့်တာ၊ စစ်ဆေးရေးဂိတ်တွေချပြီး စစ်ဆေးစောင့်ကြည့်တာအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေကနေတဆင့် စောင့်ကြည့်တာ၊ CCTV တွေတပ်ဆင်ပြီး စောင့်ကြည့်တာ၊ ဖုန်းဆင်းကဒ်ကနေတဆင့် စောင့်ကြည့်တာတွေရှိနေတာလို့ ဆိုပါတယ်။
အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းကာလတွေကနေစပြီး ၎င်းတို့လုပ်ရပ်ကို ဆန့်ကျင်ပုန်ကန်လာမဲ့ ပြည်သူတဦးတယောက်ချင်းစီကို မျက်ခြေမပြတ်စောင့်ကြည့်ပြီ ဖိနှိပ်နိုင်ဖို့အတွက် စောင့်ကြည့်ရေးဗျူဟာများကို (Survelilance Strategies)တစိုက်စိုက်မတ်လုပ်ဆောင်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။


