Homeပြည်တွင်းသတင်းစစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၃အတွက် လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်တွေ ရောက်နေဟုဆို

စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၃အတွက် လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်တွေ ရောက်နေဟုဆို

၂၄ ဇန်ဝါရီ ၂၀၂၆

စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၃အတွက် လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်တွေ ရောက်နေပြီလို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ရောက်နေတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီး ယား၊ နီဂါဂွာရာနဲ့ International Confere nce of Asian Political Parties (ICAPP) တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်လာကြတယ်လို့ဆိုပါတယ်။

စစ်ကောက်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း ၃ ကို မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ၊ ရပ်ကွက်အလိုက်မဖြစ်မနေ မဲထွက်ပေးဖို့ နှိုးဆော်တာမျိုးတွေလည်း ရှိနေပါတယ်။

“မဲထွက်ပေးဖို့ လိုက်အော်တယ်။ မနင်တစ်ကြိမ် ညနေတကြိမ်အော်တာ။ ဝန် ထမ်းအငြိမ်းစားတွေ၊ လက်ရှိဝန်ထမ်းတွေကိုလည်း ဖိအားပေးပြီး မဲထည့်ခိုင်းတယ်။ ဘယ်လိုဖိအားလဲဆိုတော့ အငြိမ်း စားဆိုလည်း မဲလာမပေးရင် ပင်စင်ထိနိုင်တယ်တို့ ဘာတို့ပေါ့ဗျာ။လက်ရှိဝန်ထမ်းတေ‌ေါကတော့ပြောမနေနဲ့ အဖက်ဖက်က ဖိအားတွေပေါ့”လို့ ရန်ကုန်နေ အမည်မဖော်လိုတဲ့ သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ နိုင်ငံ ၉ ခုက ကိုယ်စားလှယ်တွေ လေ့လာစောင့်ကြည့်ဖို့ရောက်လာခဲ့ကြပြီး အဲဒီထဲမှာ ဘယ်လာရုစ်၊ နီဂါဂွာရာနဲ့ အိန္ဒိယနိုင်ငံတို့လည်း ပါဝင်ပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ မှာ ထိုင်း၊ အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နီဂါဂွာရာ၊ နီပေါနဲ့ ပါကစ္စတန် စတဲ့ ၉ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ လာရောက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၃ ကို မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ရွေး ကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက် ဟာဆန်ကတော့ အပိုင်း ၃ ပိုင်းနဲ့ ကျင်းပနေတဲ့ မြန်မာက ရွေးကောက်ပွဲကို အာဆီယံကအသိအမှတ်မပြုတာကြောင့် အာဆီယံအနေနဲ့ စောင့်ကြည့်လေ့လာသူတွေလည်း စေလွှတ်မှာမဟုတ်ဘူးလို့ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြောထားပါသေးတယ်။

ပုံစာ- ရွေးကောက်ပွဲအပိုင်း ၃ အတွက်‌ ရောက်လာတဲ့ ဘယ်လာရုစ်ကိုယ် စားလှယ်အဖွဲ့နဲ့ ရွေးကောက်ပွဲကော်မရှင်တွေ့ဆုံခဲ့တဲ့ မြင်ကွင်းပုံရိပ် ( MOI)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး