စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲရက် နီးလာတာကြောင့် ဘားအံမြို့မှာ စစ်ကားတွေနဲ့ နေ့စဉ်ကင်းလှည့်တာတွေလုပ် ဆောင်သလို လုံခြုံရေးကိုလည်းပိုမိုတင်းကြပ်ထားတယ်လို့ ဘားအံမြို့နေသူ ဒေ သခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ကစတင်လို့ ဘားအံမြို့ပေါ်မှာ အင်အား၂၀ ခန့် ပါတဲ့ စစ်ကားသုံးစီးဟာ ဒရုန်းကာကွယ်ရေးစက်သယ်ဆောင်ပြီး ကင်းလှည့်နေတယ်လို့ဆိုပါတယ်။
“နေ့စဉ်လိုပါဘဲ၊ သိရသလောက်တော့ ရွေးငကာက်ပွဲအတွက်လုံခြုံရေးယူတာလို့ သိရတယ်။ညဘက်တွေမှာ ကင်ပုန်းဝပ်တာတွေပါ ရှိလာတယ် ဒီရက်ပိုင်း” လို့ပြောပြပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ အပိုင်း(၁) မှာကရင်ပြည်နယ်ထဲ့က ၃ မြို့နယ် ပါဝင်ပြီး အဲဒီမြို့နယ်တွေဟာ ဘားအံ ၊ မြဝတီနဲ့သံတောင်ကြီးမြို့နယ်တို့ ဖြစ်ပါတယ်။
ဘားအံမဲဆန္ဒနယ်မှာတော့ စစ်ကော်မရှင်ရဲ့လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်သူ ဦးစောမြင့်ဦးက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်ထားပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ပြန်လည်ယှဉ်ပြိုင်နေတာကို တွေ့ရပါတယ်။
ဓာတ်ပုံ – KNU ဒူပလာယာခရိုင် (ပုံဟောင်းဖြစ်သည်)


