Homeပြည်တွင်းသတင်းစစ်ကော်မရှင်လုပ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေသမိုင်းတရားခံဖြစ်မယ်လို့ နိုင်ဗညားမွန် ပြော

စစ်ကော်မရှင်လုပ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေသမိုင်းတရားခံဖြစ်မယ်လို့ နိုင်ဗညားမွန် ပြော

၁၉ နိုဝင်ဘာ ၂၀၂၅

စစ်ကော်မရှင်လုပ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့သမိုင်း တရားခံအဖြစ်တွင်မယ်အပြင် လူထုက အရေးယူနိုင်တဲ့ နေ့ကျရင် အရေးယူမှုခံရလိမ့်မယ်လို့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) နိုင်ငံရေးနဲ့ စစ်ရေးဦးဆောင်ကော်မတီဝင် နိုင်ဗညားမွန်က သတိပေး ပြောကြားပါတယ်။

အဲဒီပြောကြားချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟို သတင်းပြန် ကြားရေးဌာနက နိုဝင်ဘာ ၁၈ရက်မှာ ထုတ်လွှင့်တဲ့ အစိုးရတု၊ ရွေးကောက်ပွဲတု နဲ့ နိုင်ငံရေးလှည့်စားမှု‌ထောင်ချောက် စကားဝိုင်း ဆွေးနွေးပွဲအပိုင်း (၂)အစီအစဥ်မှာ နိုင်ဗညားမွန်က အခုလို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ မွန်ပြည်နယ်မှာရှိတဲ့ ဒီရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဒီနေရာကနေ တိုက်တွန်းချင်တယ်။ တနိုင်ငံလုံးက ဆန့်ကျင်နေတယ်။ တနိုင်ငံလုံးက အသိအမှတ်မပြုဘူး ။ စကစရဲ့ အကြမ်းဖက်မှု လူထုကို အကြမ်းဖက်မှု တနိုင်ငံလုံးပြည့်နှက်နေတဲ့အချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပါဝင်ပတ် သက်တာဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းဖို့ အားပေးသလို စစ်ကျွန်၊ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ အားပေးတဲ့လုပ်ငန်းဖြစ်တယ်ဆိုတာ သိစေချင်တယ်။ တကယ်လို့ ပါဝင်ပတ် သက်ခဲ့ရင် သမိုင်းတရားခံအဖြစ် တွင်သွားလိမ့်မယ်။ အဲဒီသမိုင်းတရားခံအ ဖြစ် တွင်သွားလို့ရှိရင် လူထုက အရေးယူနိုင်တဲ့ နေ့ကျရင် အရေးယူမှု ခံရလိမ့်မယ်” လို့ နိုင်ဗညားမွန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် အခုအချိန်ဟာ စဉ်းစားချိန်ရှိသေးလို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တာတွေကနေ ပြန်စဉ်စားပေးဖို့ ရိုးရိုးသားသား တိုက်တွန်းလိုတယ်လို့ ဖြည့်စွက် တိုက်တွန်းထားပါတယ်။

အကြပ်ကိုင်လို့ အနေအထားတခုကြောင့် ပါလိုက်ရတယ်ဆိုပေမယ့်နည်းနာပေါင်းစုံသုံး မဲမပေးဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတိုင်းဖွဲ့စည်းပုံအခြေခံဥပဒေရှိရမှာဖြစ်ပေမယ့် စစ်တပ်ရေးတဲ့ ၂၀၀၈ ခြေဥဟာစစ်တပ်အတွက်သာ စစ်တပ် ချယ်လှယ်နိုင်ဖို့သာ လုပ်ဆောင်ထားတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ – မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး