Homeပြည်တွင်းသတင်းစစ်ကော်မရှင်ရဲ့ အစိုးရအဖွဲ့သစ်မှာ ပညာရေးဝန်ကြီးဌာနကျန်ခဲ့လို့ မင်းအောင်လှိုင်က ကမန်းကတမ်း အမိန့်ထုတ်ပြီး ဖွဲ့စည်း

စစ်ကော်မရှင်ရဲ့ အစိုးရအဖွဲ့သစ်မှာ ပညာရေးဝန်ကြီးဌာနကျန်ခဲ့လို့ မင်းအောင်လှိုင်က ကမန်းကတမ်း အမိန့်ထုတ်ပြီး ဖွဲ့စည်း

၃၁ ဇူလိုင် ၂၀၂၅

စစ်ခေါင်ဆောင် မင်းအောင်လှိုင်ရဲ့အစိုးရအသစ်ဖွဲ့စည်းမှုမှာ ပညာရေးဝန်ကြီးဌာန ကျန်ခဲ့တာကြောင့် ချက်ချင်း ပညာရေးဝန်ကြီးဌာနဖွဲ့စည်းတဲ့ ကြေညာချက်ကို ထုတ်ပြန်လာတာတွေ့ရပါတယ်။

ကနဦး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဖွဲ့စည်းလိုက်‌ပေးလိုက်တဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့မှာ ဝန်ကြီးဌာန ၂၉ ခုအထိ ထည့် သွင်းဖွဲ့စည်းထားပေမယ့် ပညာရေးဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းထားခြင်း မရှိတာတာပါ။

အဲ့ဒီလို ပညာရေးဝန်ကြီးဌာန ဖွဲ့စည်းဖို့ ကျန်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အမိန်အမှတ် ၅/၂၀၂၅ ဆိုပြီးထုတ်ပြန်ပြီး ပညာရေးဝန်ကြီးဌာနဖွဲ့စည်းကြောင်းနဲ့ ဒေါက်တာချောချောစိန်ကို ဝန်ကြီးခန့်အပ်ကြောင်း ကြေညာချက်ထွက်လာတာပါ။

“သူတို့ ဘယ်လောက်တောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသလဲ ဆိုရင် ပညာရေးဝန်ကြီးဌာနကျန်ခဲ့လို့ ကမန်းကတမ်းလိုက်ဖြည့်ရတာကို ကြည့်ရင်တောင်သိနိုင်ပါတယ်။”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစိုးရအသစ်မှာ ဝန်ကြီးချုပ်နေရာအတွက် ဗိုလ်ချုပ်ကြီး ညိုစောကို ဦးညိုစောလို့သုံး နှုန်းထားတဲ့အတွက် ဒါဟာစစ်ဘက်ဆိုင်ရာ ရာထူးတွေကို ရုတ်သိမ်းပြီး၊ အရပ်ဘက်ကို ပြောင်းလဲတာဝန်ပေးတာအပ်တာဖြစ်တယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ သ တင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ညိုစောဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အနီးကပ်အကြံပေးလူယုံတစ်ဦးဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မြဝတီဘဏ်တွေမှာ ဥက္ကဌအဖြစ်လည်း ရယူထားသူ ဖြစ်ပါတယ်။

ပုံစာ – စစ်ကော်မရှင် အစိုးရသစ်ရဲ့ ပညာရေးဝန်ကြီးသစ် ဒေါက်တာချောချောစိန်ကိုတွေ့ရစဉ်

ဓာတ်ပုံ – MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး