Homeပြည်တွင်းသတင်းစစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်မှာ အကျဉ်းထောင် ၁၀ ခုကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၂၄ ဦး လွတ်မြောက်

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်မှာ အကျဉ်းထောင် ၁၀ ခုကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၂၄ ဦး လွတ်မြောက်

၂ မတ် ၂၀၂၆ | New Day Myanmar

စစ်ကော်မရှင်က ဒီကနေ့ မတ်လ ၂ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းခွင့်အရ အကျဉ်းထောင် ၁၀ ခုကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၂၄ ဦး လွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးကြေညာပါတယ်။

PPNM ရဲ့ ထုတ်ပြန်ချက်အရ

ပေါင်းတည်အကျဉ်းထောင်ကနေ ၉ ဦး၊

သာယာဝတီအကျဉ်းထောင်ကနေ ၃၁ ဦး၊

ဒိုက်ဦးအကျဉ်းထောင်ကနေ ၂၆ ဦး၊

မအူပင်အကျဉ်းထောင်ကနေ ၄၆ ဦး၊

ကော့သောင်းအကျဉ်းထောင်ကနေ ၆ ဦး (စိစစ်ဆဲ)၊

ပခုက္ကူအကျဉ်းထောင်ကနေ ၈၀ ဦး (စိစစ်ဆဲ)၊

ကလေးအကျဉ်းထောင်ကနေ ၁၂ ဦး၊

ပြည်အကျဉ်းထောင်ကနေ ၂၄ ဦး (စိစစ်ဆဲ)၊

သထုံအကျဉ်းထောင်ကနေ ၆၁ ဦး၊

မြိတ်အကျဉ်းထောင်ကနေ ၂၉ ဦးတို့ လွတ်မြောက်လာတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိတော့ ရန်ကုန် အင်းစိန်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့ အရေအတွက်ကို အတည်ပြုဖော်ပြနိုင်ခြင်း မရှိသေးဘူးလို့ PPNM က ဆိုပါတယ်။

ဒီလွတ်ငြိမ်းခွင့်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ၅၂(က) တို့နဲ့ အစွဲခံထားရပြီး ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့လည်း ပါဝင်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအရေးကို စောင့်ကြည့်နေသူတွေကတော့ အခုလို လွတ်ငြိမ်းခွင့်ပေးတာဟာ အကန့်အသတ်နဲ့သာ လုပ်ဆောင်ထားတာဖြစ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးတာမျိုး မဟုတ်သေးဘူးလို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး