Homeပြည်တွင်းသတင်းစစ်ကော်မရှင်ရဲ့ မြောက်ဦးဆေးရုံဗုံးကြဲတိုက်ခိုက်မှုအတွက် ကန့်ကွက်ရှုတ်ချတဲ့ ထုတ်ပြန်ချက်တွေအတွက် ခွန်အားဖြစ်စေတယ်လို့ AA ထုတ်ပြန်

စစ်ကော်မရှင်ရဲ့ မြောက်ဦးဆေးရုံဗုံးကြဲတိုက်ခိုက်မှုအတွက် ကန့်ကွက်ရှုတ်ချတဲ့ ထုတ်ပြန်ချက်တွေအတွက် ခွန်အားဖြစ်စေတယ်လို့ AA ထုတ်ပြန်

၁၅ ဒီဇင်ဘာ ၂၀၂၅

စစ်ကော်မရှင်ရဲ့ မြောက်ဦးဆေးရုံဗုံးကြဲတိုက်ခိုက်မှုအတွက် ကန့်ကွက်ရှုတ်ချတဲ့ ထုတ်ပြန်ချက်တွေအတွက် ခွန်အားဖြစ်စေတယ်လို့ အာရက္ခတပ်တော် (AA)က အသိပေးထုတ်ပြန်ထားပါတယ်။

ခိုင်မာသောရပ်တည်ချက်နဲ့ ဝမ်းနည်းကြေကွဲမှုကို မိမိတို့နဲ့အတူတကွ ထုတ် ဖော်ပြသပြီး ရပ်တည်ခဲ့ကြတဲ့ မျှဝေခံစားပေးမှုတွေ၊ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရတဲ့ မိမိတို့အတွက် များစွာခွန်အားဖြစ်စေတယ်လို AA က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် လူသားမျိုးနွယ်အပေါ် ကြီးမားတဲ့စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့တဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေ၊ ထိခိုက်ခံစားခဲ့ရသူတွေနဲ့ နစ် နာခဲ့ရသူတွေအတွက် ဝမ်းနည်းယူကျုံး မရဖြစ်ရကြောင်း ဖော်ပြပါတယ်။

အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်နစ်နာခဲ့ရသူတွေရဲ့ တရားမျှတမှုရရှိရေးအတွက် ဆက်လက်ပူးပေါင်းကူညီပေးဖို့နဲ့ အရေးပေါ်လိုအပ်နေသော ဆေးရုံသုံးပစ္စည်းတွေ၊ ဆေးဝါးတွေဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

တရားမျှတမှုနဲ့ လူသားဆန်မှုအတွက် အလေးအနက် ထုတ်ဖော်ပြသခဲ့ကြတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ဥရောပသမဂ္ဂ၊ ယူကေနိုင်ငံရဲ့ နိုင်ငံခြားရေး၊ ဓနသ ဟာယနဲ့ဖွံ့ဖြိုးရေးရုံး၊ နော်ဝေနိုင်ငံရဲ့ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ကနေဒါနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) နဲ့ အခြားသောနိုင်ငံတွေက သံတ မန်အဖွဲ့ အစည်းတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားတဲ့ ဆန္ဒပြည့်ဝစေရေးအတွက် အမှန်တရားကိုချစ်မြတ်နိုးပြီး တရားမျှ တမှုကို လိုလားတဲ့ ကမ္ဘာ့အသိုင်းအဝိုင်းမိသားစုတွေနဲ့အတူ အားလုံးအတူတကွ မဆုတ်မနစ် လက်တွဲလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းလည်း AAက ကျေးဇူး တင်လွှာမှာထည့်သွင်း သတင်းစကားပါးခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်မှာ စစ်ကောင်စီက ရညလေကြောင်းတိုက်ခိုက်ခဲ့လို့ လူနာတွေ၊ လူနာစောင့်တွေနဲ့ ဆေးရုံဝန်ထမ်းတွေ စုစုပေါင်း ၃၃ဦး သေဆုံးကာ ၇၇ ဦး ဒဏ် ရာရခဲ့တာဘဲဖြစ်ပါတယ်။

ဓာတ်ပုံ – Wai Han Aung

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး