စစ်ကော်မရှင်ရဲ့ ဒုတိယမြောက်ရွေး ကောက်ပွဲဝါဒဖြန့်ရိုက်ကူးရေးမှာ နာမည်ကြီး သရုပ်ဆောင် ၃၀ ကျော် ပါဝင်လာတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီထဲမှာ နာမည်ကျော် ရုပ်ရှင်သရုပ် ဆောင်တွေအပြင် အကျဉ်းကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ သရုပ်ဆောင်တွေကိုပါ ထည့်သွင်းရိုက်ကူးထားတာတွေ့ရပါတယ်။
“အခုပါတဲ့ သရုပ်ဆောင်တွေထဲမှာ နွေဦးတော်လှန်ရေးတုန်းက အကျဉ်းချခံပြီးပြန်လွတ်မြောက်လာတဲ့ သူတွေပါလာတာတွေ့ရတယ်။ဒါဟာ စစ်တပ်က တ ဖက်ကို လုပ်ပြနိုင်တဲ့အထဲက လုပ်ပြလိုက်တာဘဲ၊ BCလုပ်ချင်တဲ့သူလုပ် ဒီမှာတွေ့လားဆိုပြီး စိန်ခေါ်လိုက်တာလို့ မြင်တယ်”လို့ အနုပညာအသိုင်းအဝိုသ်ူနဲ့ နီးစပ်သူတဦးက သူ့ရဲ့ အမြင်ကို မှတ် ချက်ပြုပြောပါတယ်။
ဒါအပြင် ယခင်ရက်က ဖမ်းဆီးစစ်ဆေးခံရတဲ့ သရုပ်ဆောင်ဖွေးဖွေးနဲ့ အလင်း ရောင်တို လည်း ပါဝင်လာတာကိုတွေ့ရပါတယ်။
အဲဒီ ဇာတ်လမ်းရိုက်ကူးရေးမှာ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ စိုးပြည့်သဇင်၊ ဝတ်မှုန်ရွှေရည်၊ ချောရတနာ၊ အေးမြတ်သူ၊ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သင်ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုငြိမ်း၊ မေမီကိုကို၊ နဲ့ရွှေသမီး စတဲ့ အနုပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။


