လာမည့် ဒီဇင်ဘာ၂၈ရက်မှာ စစ်ကော် မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲအ ပေါ် ၉၆ ရာခိုင်နှုန်းရှိတဲ့ လူဦးရေက မဲပေးမှာမဟုတ်ဟုလို့ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှုစာရင်းတရပ်က
ဖော်ပြထားပါတယ်။
အဲဒီ စစ်တမ်းကို အခု၂၀၂၅ ခုနှစ်အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ကောက်ယူထားတာဖြစ်ပြီး၊ လူဦးရေ ၃,၆၆၃ ဦးကို စစ်တမ်းကောက်ယူရာမှာ မြန်မာနိုင်ငံအတွင်းက ၈၅ ရာ ခိုင်နှုန်းနဲ့ ပြည်ပက ၁၅ ရာခိုင်နှုန်း ပါဝင်ဖြေဆိုခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တမ်းကို မြို့နယ် ၂၇၁ ခုက ပြည်သူလူထုက ပါဝင်ဖြေဆိုခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက ၂၉ ရာခိုင်နှုန်းနဲ့ ရန်ကုန်တိုင်းက ၁၆ရာခိုင်နှုန်းဖြေဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီစစ်တမ်းဟာ စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူ့သ ဘောထားတွေကိုသိရှိဖို့အတွက် ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement)ရဲ့လွတ်လပ်တဲ့ သုတေသနအဖွဲ့က စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်တမ်းကောက်ယူခဲ့ရာမှာ ၉၉ ရာခိုင်းနှုန်းက ၂၀၂၁ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ၊ ၉၈ ရာခိုင်းနှုန်းက ၂၀၂၅ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဟု ယုံကြည်ကြောင်း၊ ၉၈ ရာခိုင်နှုန်းဟာ စစ်ကော်မရှင် ရွေးကောက်ပွဲဟာ ပြဿနာတွေကိုမဖြေရှင်းနိုင်ဟုယုံကြည်
ကြောင်းနဲ့ ၉၆ ရာခိုင်နှုန်းဟာ မဲပေးမည် မဟုတ်ကြောင်း ဖြေဆိုထားတာဖြစ်ပါတယ်။
ဓာတ်ပုံ-PPM


