Homeပြည်တွင်းသတင်းစစ်ကော်မရှင်ပြုလုပ်မယ့် NCA နှစ်ပတ် လည်ပွဲကို မတက်ရောက်ဘဲ ပြည်သူနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ဖို့ UN, ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ...

စစ်ကော်မရှင်ပြုလုပ်မယ့် NCA နှစ်ပတ် လည်ပွဲကို မတက်ရောက်ဘဲ ပြည်သူနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ဖို့ UN, ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ တောင်းဆို

၁၃ အောက်တိုဘာ ၂၀၂၅

စစ်ကော်မရှင်ပြုလုပ်မယ့် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဆယ်နှစ်ပြည့် နှစ်ပတ် လည်ပွဲကို မတက်ရောက်ဘဲ ပြည်သူနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ UN အပါ ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲတွေက

တောင်းဆိုလိုက်ပါတယ်။

အဲဒီ တောင်းဆိုချက်ကို ဒီကနေ့ အောက်တိုဘာ ၁၃ ရက် ရက်စွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ဖြစ်တဲ့ ABSDF, CNF, KNU, NMSP(AD), PNLO နဲ့ LDU တို့က ပူးတွဲသဘောထားထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပြီးတောင်းဆိုလိုက်တာဘဲဖြစ်ပါတယ်။

ထုတ်ပြန်ချက်ပါအချက်အရ NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့် ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့ စစ်အုပ်စုဟာ ပြည်သူလူထုကို အင်အားသုံးပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်တာတွေနေ့စဉ်ကျူးလွန်တဲ့အချိန်မှာဘဲ NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပွဲ ပြုလုပ်ဖို ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းမှုဟာ NCAစာချုပ်ရဲ့အနှစ်သာရ၊ အခြေခံမူတွေနဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီဖြစ်တာကြောင့် NCAအကောင်အထည် ဖော်မှုလုပ်ငန်းစဉ်ဟာ စက္ကူစုတ်တခုအ ဖြစ်ကို ရောက်ရှိသွားပြီလို့ ဆိုထားပါတယ်။

ဒါ့အပြင်စစ်အုပ်စုက ကျင်းပဖို့ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲဟာ လည်း စစ်အာဏာရှင်တွေအနေနဲ့နိုင်ငံကို တသက်လုံးထိန်းချုပ်နိုင်ရေး တရားဝင်မှုရရှိဖို့ ကြိုးပမ်းခြင်းသာဖြစ်တယ်လို့ဆိုထားပါတယ်။

ဒါ့ကြောင့် NCA လက်မှတ်ရေးထိုးခဲ့ခြင်း ဆယ်နှစ်ပြည့်မြောက် အခမ်းအနားကို မတက်ရောက်ဘဲ ပြည်သူလူထုနဲ့အတူရပ် တည်ကြောင်းပြသဖို့ UN, ASEAN နဲ့ နိုင် ငံတကာသံတမန်တွေကို မိမိတို့ NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့အဖွဲ့အစည်းတွေက လေးစားစွာတိုက်တွန်းတယ်လို့ ဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး