Homeပြည်တွင်းသတင်းစစ်ကော်မရှင်ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားကို မြန်မာပြည်တွင်း သံရုံး ၄၀ ကျော်ထဲက သံအမတ်ကြီးအဆင့်ရှိသူ ၁၁ ဦးသာတက်ရောက်

စစ်ကော်မရှင်ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားကို မြန်မာပြည်တွင်း သံရုံး ၄၀ ကျော်ထဲက သံအမတ်ကြီးအဆင့်ရှိသူ ၁၁ ဦးသာတက်ရောက်

၁၅ အောက်တိုဘာ ၂၀၂၅

စစ်ကော်မရှင်ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့်အခမ်းအနားကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သံရုံး ၄၂ ရုံးထဲကနေ သံရုံး၂၀ က သံအရာရှိ ၃၀ လောက် တက်ရောက်ခဲ့တယ်လို့ အဲဒီပွဲကို တက်ရောက်နေတဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံထဲမှာ စာရင်းတွေအရ သံရုံး ၄၂ ရုံးရှိပြီး တက်ရောက်တဲ့ သံရုံး ၂၀ ထဲကမှ သံအမတ်ကြီး အဆင့်ရှိသူ ၁၁ ဦးတက်ရောက်ခဲ့တယ်လို့လည်း ကနဦးသိထားရပါတယ်။

တရုတ်နိုင်ငံသံအရာရှိအပါ အိန္ဒိယ၊ ထိုင်းနဲ့ဆော်ဒီသံအရာရှိတွေ တက်ရောက်လာတာကို အဓိက မြင်တွေ့ရပေမယ့် ဘယ်နိုင်ငံ သံအရာရှိတွေ တက်ရောက်လာတယ်ဆိုတာကိုတော့ New Day Myanmar က အတည်ပြုနေဆဲ ဖြစ်ပါတယ်။

တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ABSDF, CNF နဲ့ KNU တို့ တက်ရောက်တာမရှိပေမယ့် ကျန်တဲ့ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေ အ ကုန်တက်ရောက်လာတယ်လို့လည်း သိရပေမယ့် တက်ရောက်တဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေက ဘယ်အဖွဲ့အစည်းဆိုတာမျိုးတော့ တိတိကျ ကျ မသိရသေးပါဘူး။

ဒီကနေ့ စစ်ကော်မရှင် ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ NCA မှာ လက် မှတ်ရေးထိုးခဲ့ကြတဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ကလည်းအောက် တိုဘာ ၁၃ ရက်မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး