Homeပြည်တွင်းသတင်းစစ်ကော်မရှင်တပ်ဟာ သီပေါနဲ့ နမ္မတူ နယ်နမိတ်ချင်းထိနေတဲ့ မိုးတေတံတားထိ ထိုးစစ်ဆင်နေ၊ နမ္မတူဒေသခံတွေထွက် ပြေးတိမ်းရှောင်နေရ

စစ်ကော်မရှင်တပ်ဟာ သီပေါနဲ့ နမ္မတူ နယ်နမိတ်ချင်းထိနေတဲ့ မိုးတေတံတားထိ ထိုးစစ်ဆင်နေ၊ နမ္မတူဒေသခံတွေထွက် ပြေးတိမ်းရှောင်နေရ

၂၂ အောက်တိုဘာ ၂၀၂၅

စစ်ကော်မရှင်တပ်ဟာ သီပေါနဲ့ နမ္မတူ မြို့နယ် နယ်နမိတ်ချင်းထိနေတဲ့ မိုးတေတံတားအထိ ထိုးစစ်ဆင်နေပြီး နမ္မတူဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ SSPP/SSAက ဒီကနေ့ အောက်တိုဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန် လာပါတယ်။

အသိပေးချက်အရ စစ်ကော်မရှင်တပ်ဟာ ရှမ်းပြည်မြောက်ပိုင်း က SSPP/SSA ထိန်းချုပ်ထားတဲ့ သီပေါ်မြို့နယ် တပ်မ (၉၈၉) နယ်မြေ၊ ခရိုင်အမှတ်(၈) မြို့နယ်အမှတ်(၁၉) မြို့ နယ်နဲ့ အမှတ်(၁၈) နမ္မတူမြို့နယ်ဘက်သို့ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မနေ့က အောက်တိုဘာလ ၂၁ရက်နေ့ ည နေပိုင်း ၅ နာရီဝန်းကျင်အချိန်မှာ သီပေါမြို့ နယ်ကနေ နမ္မတူ မြို့နယ်ဘက်ကို ဦး တည်ပြီး တန်ပြန်ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ မိုးတေတံတားအနီး ထိတွေ့တိုက်ပွဲ အနည်းငယ်ဖြစ်ပွားကာ နမ္မတူချောင်း တောင်ဘက်ကမ်း မိုးတေတံတားထိ စစ်ကော်မရှင်စစ်ကြောင်းက နေရာယူ စိုးမိုးထားတယ်လို့ဆိုပါတယ်။

ဒါကြောင့် နမ္မတူမြို့နယ်က ကျန်ရှိနေသေးတဲ့ ဒေသခံပြည်သူတွေတိုက်ပွဲအရှိန်မြှင့်တက်လာမှာကို စိုးရိမ်ပြီး လားရှိူးမြို့ နယ်နဲ့ တန့်ယန်းမြို့နယ်ဘက်တွေကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပုံစာ-လားရှိုးရောက် နမ္မတူ ဓဒသခံစစ်ရှောင်များ (SSP Info)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး