Homeပြည်တွင်းသတင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး KNU ထံအလင်းဝင်

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး KNU ထံအလင်းဝင်

ဇန်နဝါရီ ၂၀၂၆

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီမှာ ဇန်နဝါရီလ ၂ ရက်၊ မနေ့က စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်လာခဲ့တယ်လို့ KNU ကနေ သိရပါတယ်။

သူတို့ဟာအတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့သူတွေဖြစ်ကြပြီး စစ်ကော်မရှင်တပ်ရဲ့အမှတ် ၅၉၉ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေဖြစ်ကြပါတယ်။

သူတို့ဟာ ခလယ်လွီထူခရိုင်၊ မူးမြို့နယ် ရှိကရင်အမျိုးသားလွတ်မြောက်ရေတပ်မှာ အလင်းဝင်‌လာကြတာဖြစ်ပြီး အသက်နှစ်ဆယ်အရွယ်အောင်လင်းနိုင်(ခ)နိုင်ကြီး၊ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ဖြိုးအောင် (ခ)မဲလုံးနဲ့ အသက်ဆယ့်ကိုးနှစ်အရွယ် စန်းမင်းတို့ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဆီ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေကိုဆက်သွယ်ကာ ဘက်ပြောင်းခိုလှုံကြဖို့ ကရင်အမျိုးသားအစည်းအရုံးမှ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ- KNU

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး