၃၀ ဇန်နဝါရီ ၂၀၂၆
အရေးပေါ်အခြေအနေကြေညာခံထားရတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကမြို့နယ် ၆၃ ခုကို စစ်ကော်မရှင်က နောက် ထပ်ရက်ပေါင်း (၉ဝ) သက်တမ်းထပ်တိုး
သလို စစ်အုပ်ချုပ်ရေးဒေသများဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)က မနေ့က ဇန်နဝါရီလ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်သလို အဲ့ဒီကြေညာချက်ကိုစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
နောက်ထပ်ရက်ပေါင်း ၉ဝ အရေးပေါ်အခြေအနေကြေညာခံလိုက်ရတဲ့ မြို့နယ်
တွေဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေဖြစ်ပြီး၊ ကချင်ပြည်နယ်မှာ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နဲ့ ချီဖွေမြို့နယ်၊ ကယားပြည်နယ်မှာ ရှားတော၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်မှာ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ချင်းပြည်နယ်မှာ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနဲ့ ဖလမ်းမြို့နယ်တို့ပါဝင်ပါတယ်။
အလားတူ စစ်ကိုင်းတိုင်းမှာ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနဲ့ အင်းတော်မြို့နယ်၊ မကွေးတိုင်းမှာ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို၊ မန္တလေးတိုင်းမှာ မိုးကုတ်၊ စဉ့်ကူးနဲ့ ငါန်းဇွန်မြို့နယ်၊ ရခိုင်မှာ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနဲ့ တောင်ကုတ်မြို့နယ်၊ ရှမ်းပြည်နယ်မှာ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနဲ့ မိုင်းလားမြို့နယ်တို့ ပါဝင်ထားပါတယ်။
ထုတ်ပြန်ချက်အရ ၂ဝ၂၅ ခုနှစ်၊ ဇူလိုင် လ ၃၁ ရက်စွဲနဲ့ အရေးပေါ်အခြေကြေညာခဲ့တဲ့ အဲဒီတိုင်းနဲ့ ပြည်နယ်ထဲက မြို့နယ်တွေကို အခုနောက်တခါ ရက်ပေါင်း ၉၀ ထပ်မံ တိုးမြှင့်လိုက်တာဘဲဖြစ်ပါတယ်။


