Homeပြည်တွင်းသတင်းစစ်ကော်မရှင်က မင်းပြားကို လေကြောင်းကနေ တိုက်ခိုက်

စစ်ကော်မရှင်က မင်းပြားကို လေကြောင်းကနေ တိုက်ခိုက်

၂၆ ဩဂုတ်၂၀၂၅

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျောက်ခုတ်ရွာအနီးကို စစ်ကော်မရှင်က ဒီကနေ့ ဩဂုတ်၂၆ရက် ညနေ ၃ နာရီအချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရခိုင်အခြေစိုက်သတင်းတွေက ဖော်ပြထားတာ တွေ့ရပါတယ်။

တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ မည်မျှထိခိုက်ပျက်စီးသေဆုံးခဲ့ရတယ်ဆိုတာကို မသိရသေးသလို အာရက္ခတပ်တော် (AA)ဘက်ကလည်း ထုတ်ပြန်အသိပေးလာတာ‌မတွေ့ရသေးပါဘူး

စစ်ကော်မရှင် လေတပ်ဟာ မနေ့ ဩဂုတ် ၂၅ရက် ည ၁၁ နာရီခွဲအချိန်ခန့်မှာလည်း မြောက်ဦးမြို့ အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်ကိုဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲလို့ဒေသခံပြည်သူ ကလေးငယ် ၅ဦးအပါ ၁၂ ဦးသေဆုံးခဲ့ပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါ‌သေးတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲပြုလုပ်ဖို့နီးကပ်လာတာနဲ့အမျှ သူတို့ ထိန်းချုပ်နယ်မြေတွေပိုရရှိလာအောင်လို့ လေ ကြောင်းတခုတည်းကိုသာ အားပြုနေရပြီး လေကြောင်းကနေ ဗုံးကြဲချတာ ၊ မြို့တွေရဲ့အပေါ်ကနေ အနိမ့်ပျံသန်းပြီး ခြိမ်း ခြောက်တာတွေ လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေကမှတ်ချက်ပြုပြော ဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး