Homeပြည်တွင်းသတင်းစစ်ကော်မရှင်က နိုင်ငံခြားသားအကျဉ်းသားတွေအပြင် အကျဉ်းသား ၆၀၀၀ ကျော် လွတ်ငြိမ်းသက်သာခွင့်ပေး

စစ်ကော်မရှင်က နိုင်ငံခြားသားအကျဉ်းသားတွေအပြင် အကျဉ်းသား ၆၀၀၀ ကျော် လွတ်ငြိမ်းသက်သာခွင့်ပေး

ဇန်နဝါရီ ၂၀၂၄

စစ်ကော်မရှင်က နိုင်ငံခြားသားအကျဉ်း သားတွေအပြင် အကျဉ်းသား ၆၀၀၀ ကျော်ကို ဒီကနေ့ ဒီဇင်ဘာ ၄ရက် (လွတ် လပ်ရေးနေ့)မှာ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ ကာကွယ်ရေးနဲ့ လုံ ခြုံရေးကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ အကျဥ်းကျခံနေရတဲ့ နိုင်ငံ ခြားသား ၅၂ ဦးလည်းပါဝင်ပြီး သူတို့ကိုပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဥ်းထောင်၊ အကျဥ်းစခန်းတွေမှာ ပြစ်ဒဏ်ချခံနေရသူတွေကိုလည်း ပြစ်ဒဏ် ၆ ပုံ ၁ ပုံအထိ လျှော့ပေါ့ ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

“အကျဉ်းသားအားလုံး ဆယ်နာရီကျော်မှာပြန်လွှတ်ပေးလိုပါတယ်။ အားလုံးထွက်သွားကြလို့ပြန်ကုန်ပါပြီ၊ နိုင်ငံရေး သမားဘယ်သူတွေပါသလဲဆိုတာတော့ မသိရသေပါဘူး”လို့ အင်းစိန်မြိူ့နယ်နေသူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်ရှေ့မှာလွတ်ငြိမ်းချမ်းသာခွင့်မှာ ပါလာနိုင်တဲ့ အကျဉ်းကျနေသူတွေရဲ့ မိသားစုတွေက ထောင်ရှေ့မှာ စောင့်ဆိုင်းခဲ့ကြပါတယ်။

ဓာတ်ပုံ- BBC

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး