Homeပြည်တွင်းသတင်းစစ်ကော်မရှင်က တော်လှန်ရေးတပ်ဖွဲ့စိုးမိုးရာ မြို့ပေါင်း (၆၀) ကျော်ကိုအရေးပေါ် အခြေ အနေ သတ်မှတ်

စစ်ကော်မရှင်က တော်လှန်ရေးတပ်ဖွဲ့စိုးမိုးရာ မြို့ပေါင်း (၆၀) ကျော်ကိုအရေးပေါ် အခြေ အနေ သတ်မှတ်

ဩဂုတ် ၂၀၂၅

စစ်ကော်မရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးရာ တိုင်းနဲ့ပြည်နယ်တွေအတွင်းက မြို့ပေါင်း (၆၃) မြို့ကို ရက်ပေါင်း (၉၀) အရေးပေါ်အခြေအနေသတ်မှတ်တယ်လို့မနေ့ ဇူလိုင်၃၁ ရက် ညပိုင်းမှာ ထုတ်ပြ န်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ကြေညာချက်အရ အရေးပေါ်အခြေအနေသတ်မှတ်လိုက်တဲ့ဒေသတွေဟာ ကချင်ပြည်နယ်ထဲက ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေမြို့နယ်အပြင် ကယားပြည်နယ်ထဲက ရှားတော၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တွေပါဝင်လာပါတယ်။

ကရင်ပြည်နယ်ထဲမှာတော့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ ချင်းပြည်နယ်မှာဆိုရင် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနဲ့ ဖလမ်းမြို့ နယ်တွေကို အရေးပေါ်အခြေအနေ ဒေသတွေအနေနဲ့ သတ်မှတ်လိုက်တာပါ။

ဒါအပြင် စစ်ကော်မရှင်ရဲ့ အရေးပေါ်သတ်မှတ်လိုက်တဲ့ဒေသတွေထဲ အများဆုံးပါဝင်တဲ့ ပြည်နယ်‌ထဲကမြို့တွေကို ကြည့်ရင် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အများဆုံးပါဝင်နေတာတွေ့ရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာဆိုရင် ရမ်းဗြဲ၊ တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်မြို့နယ်တွေနဲ့ ရှမ်းပြည်နယ်ထဲမှာဆိုရင် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနဲ့ မိုင်းလားမြို့နယ်တွေကို ပစ်မှတ်ထားတာတွေ့ရပါတယ်။

တိုင်းဒေသထဲကဆိုရင် စစ်ကိုင်းတိုင်းက ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်မြို့နယ်တွေပါဝင်ပြီး၊ မကွေးတိုင်းမှာ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို၊နဲ့ မန္တလေးတိုင်းမှာ မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်မြို့နယ်တွေကိုအရေးပေါ်အခြေ အနေလို့ သတ်မှတ်ထားတာတွေ့ရပါတယ်။

စစ်ကော်မရှင်က အထက်မှာဖော်ပြထားတဲ့ မြို့တွေကို အရေးပေါ်အခြေအနေသတ်မှတ်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၁၂(က)အရ သတ်မှတ်ကြေညယတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး