စစ်ကော်မရှင်က လူပုဂ္ဂိုလ် ၉ ဦးဆီကနေ
ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်တွေကို နိုဝင် ဘာ ၄ ရက်ကပြန်ရုပ်သိမ်းလိုက်တယ်လို့ နေပြည်တော် အသိုင်းအဝိုင်းက သိရပါတယ်။
ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်ရုပ်သိမ်းခံရသူတွေဟာ စစ်အုပ်စု ဖမ်းဆီးထောင်ချခံရတဲ့ ခရိုနီတွေဖြစ်တဲ့ ရိုးမဘဏ်နှင့် FMI လုပ်ငန်းစုဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ(ခ) Serge Pun(သီရိပျံချီဘွဲ့)၊ ဇေကမ္ဘာ ကုမ္ပ ဏီဥက္ကဋ္ဌ ဦးခင်ရွှေ(ဝဏ္ဏကျော်ထင်ဘွဲ့)၊ ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်(စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံ ဆိပ် (ဒုတိယအဆင့်)တို့ ဖြစ်ပါတယ်။
ကျန်တဲ့ ၄ ဦးကတော့ ဗိုလ်ချုပ်တွေဖြစ်တဲ့ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ် ချုပ်အောင်လင်းထွန်း (ဇေယျာကျော်ထင်ဘွဲ့)၊ စစ်လက်နက်ပစ္စည်းညွှန်ကြားမှူးဟောင်း ဗိုလ်ချုပ်ဝင်းလွင်(ဇေယျာကျော်ထင်ဘွဲ့)၊ တွဲဖက်စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ်လှမြင့်စိုး(ဇေယျကျော်ထင်ဘွဲ့)နှင့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်လွင်ဦး(ဇေယျကျော်ထင်ဘွဲ့နှင့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်)တို့ ဖြစ်ပါတယ်။
ဘွဲ့ တံဆိပ်ရုပ်သိမ်းခံရတဲ့ ဗိုလ်ချုပ်အောင်လင်းထွန်းနဲ့ ဗိုလ်ချုပ်လှမြင့်စိုးတို့ဟာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် သာသနာရေးနဲ့ ယဉ် ကျေးမှုဝန်ကြီး သူရဦးအောင်ကိုမှာ သူရဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခံထားရသူဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှာ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)ချီးမြှင့်ခံထားရသူတွေဖြစ်ပါတယ်။


