၁၃ ဩဂုတ် ၂၀၂၅
စစ်ကော်မရှင်ကို အမြစ်ပြုတ်တိုက်ဖို့နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ဒီနေ့ ဩဂုတ် ၁၃ ရက်မှာ နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Nationwide Revolutionary Alliance -NRA) က အသိပေးထုတ်ပြန်လာပါတယ်။
နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းတယ်ဆိုတာကို NRA က ဒီနေ့ ဩဂုတ် ၁၃ ရက်နေ့မှာ ကြေညာ ချက်အမှတ် ၁/၂၀၂၅ နဲ့ ပြည်သူလူထုနဲ့တော်လှန်ရေးအင်အားစုတွေကို ထုတ်ပြန် အသိပေးလာတာဖြစ်ပါတယ်။ NRA အနေနဲ့ စစ်အာဏာရှင်အပါအဝင်မည်သည့်အာဏာရှင်မဆို အပြီးတိုင်ဆန့်ကျင်တိုက်ဖျက်ရန်ဆိုတဲ့ ရည်ရွယ် ချက် ၃ ရပ်နဲ့ မည်သည့်အာဏာရှင်မဆို ဆန့်ကျင်မယ်ဆိုတဲ့ မူဝါဒ ၅ ရပ်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
NRA ရဲ့ အသိပေးချက်မှာ လက်ရှိကာလအခင်းအကျင်းအရ တော်လှန်ရေးရဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လုပ် ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေ လိုအပ်ချက်တွေပေါ်ပေါက်လာပြီး တော်လှန်ရေးကိုနောက်ပြန်ဆွဲနေတဲ့အခြေအနေတရပ်ဆီတွန်းပို့နေတယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့် အခြေအနေကိုအလျင်အမြန်ပြန်လည်ကုစားပြီး တော်လှန်ရေးအရှိန်ကို ပြန်လည်မြှင့်တင်နိုင်ဖို့နဲ့ စစ်အာဏာ ရှင်စနစ်နဲ့ အာဏာရှင်စနစ်အပြီးတိုင် အဆုံးသတ်နိုင်ဖို့ မဟာဗျူဟာမြောက်တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နိုင်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။
NRA ဖွဲ့စည်းရာမှာ နိုင်ငံရေးနယ်ပယ်မှာအတွေ့ အကြုံရှိပြီး ဂုဏ်သိက္ခာကြီးတဲ့ပုဂ္ဂိုလ်တွေ၊ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ ဘဏ္ဏာရေးဥပဒေစတဲ့နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေနဲ့ Gz လူ ငယ်တွေ ကိုအချိုးညီညီပေါင်းစပ်ပြီး “နိုင်ငံလုံးဆိုင်ရာတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကို ဖွဲ့စည်းနေခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဓာတ်ပုံ- NRA


