Homeပြည်တွင်းသတင်းစစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်အတွင်း သတ်ဖြတ်ခံရသူ အမျိုးသမီး ၁၀၀၀ ကျော်အထိရှိနေ

စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်အတွင်း သတ်ဖြတ်ခံရသူ အမျိုးသမီး ၁၀၀၀ ကျော်အထိရှိနေ

၂ စက်တင်ဘာ ၊ ၂၀၂၄

စစ်တပ်ကာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ၃ နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီး ၅,၆၄၉ ဦးနဲ့ သတ်ဖြတ်ခံရသူ ၁,၁၃၂ ဦး အထိရှိတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့် ရှောက် ရေးအသင်း (AAPP) ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများဆိုတဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော် ပြထားတာဖြစ်ပြီး သေဆုံးသူအမျိုးသမီးတွေဟာ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် သေဆုံးမှုအများဆုံးဖြစ်သလို ဖမ်းဆီးခံရပြီး အကျဉ်းထောင်၊ရဲစခန်းနဲ့စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်ခံရတာတွေကြောင့် သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရချိန်သေဆုံးခဲ့တဲ့ စာရင်းအရ စစ်ကောင်စီရဲ့ အကျဉ်းထောင်မှာ ၈ ဦး၊ရဲစခန်းမှာ ၂ ဦးနဲ့ စစ်ကြော ရေးမှာ ၄ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပြီး နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမျိုးသမီး ၅ ထောင်ကျော်မှာ အများစုက ရန်ကုန်တိုင်း ထဲက ဖြစ်ပြီး ၁,၄၄၀ ဦးဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ AAPP ရဲ့စားရင်းတွအရသိရသိရပါတယ်။

မြန်မာစစ်တပ်ရဲ့ တရားလက်လွတ်ဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေနဲ့ သတ်ဖြတ်ခြင်း စတာတွေကို ကြုံတွေ့နေရတဲ့ မြန်မာအမျိုးသမီးတွေကို သက်ဆိုင်ရာအင်အားစုတွေ၊တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာက အရေးယူနိုင်ပေးဖို့ကိုလည်း အေအေပီပီက တိုက်တွန်းထားပါတယ်။

ပုံစာ -(အမျိုးသမီးများသေဆုံးမှုနဲ့ပတ်သက်ပြီး AAPP မှထုတ်ပြန်ထားသည့် မှတ်တမ်းဓာတ်ပုံများ)
Photo – AAPP

ဆက်စပ် သတင်းများ

Most read