စစ်ကောင်စီလေတပ်က ဇွန်လ ၇ ရက်နေ့ မနက် ၁၀ နာရီ ၅၅ မိနစ်ခန့်မှာ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စု၊ ကျောက်အိုင် (ကွီးလေး) ကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး အခြားပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ်အချို့လည်း ဖျက်ဆီးခံခဲ့ရကြောင်း KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။