Homeပြည်တွင်းသတင်းစစ်ကောင်စီ ကြောင့် မေလအတွင်း အမျိုးသမီး ၉၂ ဦးသတ်ဖြတ်ခံရ

စစ်ကောင်စီ ကြောင့် မေလအတွင်း အမျိုးသမီး ၉၂ ဦးသတ်ဖြတ်ခံရ

ဇွန်၊ ၂၀၂၅

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ နှစ် မေလ ၁ လထဲမှာပဲ အမျိုးသမီး ၉၂ ဦးသေဆုံးပြီး ၈၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးများ သမဂ္ဂ (BWU) က သိရပါတယ်။

ဇွန်လ ၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာဖြစ်ပြီး စစ်ကောင်စီဟာ အရင်က ထက်လေကြောင်းသုံးတိုက်ခိုက်တာတွေ ပိုပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီသေဆုံးမှုတွေထဲမှာ လေကြောင်းက တိုက်ခိုက်ခံရပြီး သေဆုံးသူ အမျိုးသမီး ၈၁ ဦးနဲ့ ဒဏ်ရာရရှိသူ ၇၀ ဦးအထိ ရှိတာကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၄ ဦးသေဆုံးပြီး ၇ ဦးသေဆုံးခဲ့ပါတယ်။ သတ်ဖြတ်ခံရမှုနဲ့ အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပါတယ်။ ထောင်တွင်း ဆေးကုသမှုမရလို့ သေဆုံးသူ ၁ ဦးရှိပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။

မေလအတွင်း အမျိုးသမီး သေဆုံးမှု အများဆုံးဒေသမှာ စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်ပြီး စုစုပေါင်း ၄၁ ဦး သေဆုံးခဲ့ပါတယ်။ ဒုတိယအများဆုံးကတော့ ရခိုင်ပြည်နယ်မှာ ၁၆ ဦး ဖြစ်ပါတယ်။ တတိယအများဆုံးကတော့ မန္တလေးတိုင်းဒေသကြီးမှာ ၁၄ ဦး ဖြစ်ပါတယ်။

အခြားဒေသတွေမှာကတော့ မကွေးတိုင်းဒေသကြီးမှာ (၈) ဦး၊ ပဲခူးတိုင်းဒေသကြီးမှာ (၁၀) ဦး၊ ကချင်ပြည်နယ်မှာ (၁) ဦး၊ ချင်းပြည်နယ်မှာ (၁) ဦး နဲ့ မွန်ပြည်နယ်မှာ (၁) ဦးတို့သေဆုံးခဲ့တာဖြစ်ပါတယ်။

ပုံစာ – ပဲခူးတိုင်း၊ ရွှေကျင် မြို့နယ်က မင်္ဂလာဆောင်တစ်ခုကို မေ ၂၅ ရက် မနက် ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားသော အမျိုးသမီး

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read