Homeပြည်တွင်းသတင်းစစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနဲ့ ရောက်နိုင်တဲ့ မိုးဗြဲမြို့မှာတိုက်ပွဲတွေ ပြင်းထန်

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနဲ့ ရောက်နိုင်တဲ့ မိုးဗြဲမြို့မှာတိုက်ပွဲတွေ ပြင်းထန်

ဇူလိုင် ၂၀၂၅

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနဲ့ ရောက်နိုင်တဲ့ မိုးဗြဲမြို့မှာတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အရပ်ဘက်လူထုတွေအနေနဲ့ မိုးဗြဲမြို့ကို ဒီရက်ပိုင်းအတွင်း ဖြတ်သန်းသွားလာတာ( လုံးဝ လုံးဝ ) မပြုလုပ်ကြဖို့ တော် လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေက အသိပေးထားပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေသိမ်းယူထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ထောင်ဂဏန်းနီးပါးရှိတဲ့ အင်အားနဲ့ ထိုးစစ်ဆင် ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေပြင်း ထန်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် မိုးဗြဲမြို့ရဲ့ အဓိကလမ်းမကြီးကို ပြည်သူတွေအ‌နေနဲ့ လုံးဝအသုံးမပြုဖို့အပြင် မိုးဗြဲမြို့အနီးနားမှာရှိတဲ့ကျေးရွာလူထုအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေ ထိုင်ကြဖို့ ဇွန်၃၀ ရက်က အသိ နှိုးဆော်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဟာ ပြင်းထန်နေပြီး မိုးဗြဲမြို့ကို စစ်ကောင်စီလက် ပြန်လည်မကျရောက်စေဖို့ အပြင်းအထန် ခုခံကာကွယ်နေသလို ၊ စစ်ကောင်စီဘက်ကလည်း ကုန်းကြောင်း လေကြောင်းတွေကနေ ပူးပေါင်းတိုက်ခိုက်လာနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုထားပါတယ်။

မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတဲ့ ရှမ်း​တောင် ကရင်နီတပ်​ပေါင်းစုမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF၊ ဒီမော့ဆို DMO Local PDF၊ ရှမ်းတောင်ဗျူဟာ ၁ ၊ မိုးဗြဲ Local PDF နဲ့ ကရင်နီပြည် ပြည်သူ့လွတ် မြောက်ရေးတပ်မတော်- KPLA တို့ပါဝင်တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့ဟာ ရှမ်းပြည်တောင်ပိုင်း နဲ့ ကရင်နီ(ကယား) ပြည်နယ်အစပ်က မြို့တစ်မြို့ဖြစ်ပြီး၊ စစ်ကောင်စီစစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနဲ့သွားရောက်နိုင်တဲ့ လွိုင်ကော် – ဖယ်ခုံ -မိုးဗြဲ – ပင်လောင်း လမ်းပိုင်းပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ-ရှမ်း/တောင်စစ်ဒေသ ဗျူဟာ ‌(၁၄)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး