Homeပြည်တွင်းသတင်းစစ်ကောင်စီဝန်ထမ်းတွေရဲ့ကိုယ်ရေးအချက်အလက်တွေပေါက်ကြားပြီးနောက် Non CDM အကြား စိုးရိမ်ပူပန်မှုမြင့်တက်

စစ်ကောင်စီဝန်ထမ်းတွေရဲ့ကိုယ်ရေးအချက်အလက်တွေပေါက်ကြားပြီးနောက် Non CDM အကြား စိုးရိမ်ပူပန်မှုမြင့်တက်

၂၀ ဇူလိုင် ၂၀၂၅

စစ်ကောင်စီဝန်ထမ်းတွေရဲ့ကိုယ်ရေးအချက်အလက်တွေပေါက်ကြားပြီးနောက် စိုးရိမ်ပူပန်မှုမြင့်တက်တာရှိနေတယ်လို့ Non CDM အသိုင်းအဝိုင်းထဲကနေ ကြားသိရပါတယ်။

ပေါက်ကြားလာတဲ့ စာရင်တွေထဲမှာ ညွှန်ကြားရေးမှူးအဆင်ကနေ အောက်ခြေဝန်ထမ်းအထိ ပါဝင်တဲ့ Non CDM စာ ရင်းဟာ ဇူလိုင် ၁၇ နေ့မှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ကနေတဆင့် ပေါက်ကြားခဲ့တာဖြစ်ပါတယ်။

နည်းပညာကျွမ်းကျင်သူတဦးက စစ်ကောင်စီရဲ့ ဝက်ဆိုဒ်တခုကို ဝင်ရောက်ပြီးအချက်အလက်တွေကို Dark Web ထဲကို ဖြန့်ချိခဲ့တာဖြစ်ပြီး၊ ဖိုင်ပေါင်း ၃၇,၇၀၁ ဖိုင်ပါဝင်လာတာမှာ စစ်ကောင် စီဝန်ထမ်းပေါင်း ၁၀၀,၀၀၀ ကျော်ရဲ့ကိုယ်ရေးအချက်အလက်တွေဖြစ်ပါတယ်။

“မနေ့ကမှ ဒီလိုပေါက်ကြားလာတယ်ဆိုတာကို သတင်းတွေဖတ်ပြီးသိရတယ်။မနက်ဖြန် ရုံးဖွင့်ရင်တော့အကျိုးအကြောင်းသိရမယ်ထင်ပါတယ်။ အခုက ရှုပ်ထွေးနေတော့ ဘယ်လို ညွှန်ကြား ချက်တွေလာမလဲဆိုတာ မသိရသေးဘူး”ဟု ရန်ကုန်မြို့က ပညာရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

လတ်တလောရန်ကုန်မြို့ရှိ Non CDM အသိုင်းအဝိုင်းအကြား အဲဒီအချက် အလက်ပေါက်ကြားမှုကြောင့် စစ်ကောင် စီအပေါ်ဝေဖန်ပြောဆိုနေတာတွေ ပြစ်တင်ပြောဆိုနေတာတွေရှိနေကြပါတယ်။

ပေါက်ကြားလာတဲ့ Non CDM ဝနထမ်းတွေရဲ့ စာရင်းထဲမှာ ၂၀၂၅ ခုနှစ်အထိအချက်အလက်တွေဖြစ်တဲ့ ဌာနဆိုင်ရာ ရုံးတွင်းလျှို့ဝှက်စာတွေ၊ အစည်းအဝေးမှတ်တမ်းတွေ၊ ဝန်ထမ်းအင်အား၊ဝန်ထမ်းတွေရဲ့အချက်လက်တွေစစ်တပ်ပိုင် စက်ရုံအလုပ်ရုံတွေ၊ ရာထူး တိုးတွေ၊ နိုင်ငံခြားပညာတော်သင်သွားသူတွေနဲ့အလုပ်လျှောက်သူတွေရဲ့အချက်လက်များ တွေ ပါဝင်နေတာတွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး