Homeပြည်တွင်းသတင်းစစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ အတုယောင်သာဖြစ်တယ်လို့ NUG နဲ့ CRPH ပူးတွဲထုတ်ပြန်

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ အတုယောင်သာဖြစ်တယ်လို့ NUG နဲ့ CRPH ပူးတွဲထုတ်ပြန်

၂၅ ဒီဇင်ဘာ၊၂၀၂၄

လာမယ့် ၂၀၂၅ မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အတုယောင်သာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရဲ့ NUG နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ CRPHတို့က ဒီဇင်ဘာလ ၂၄ ရက်နေ့ ပူးတွဲ ထုတ်ပြန် အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူလူထုအသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ရွေး ကောက်ပွဲရလဒ်သာ ယနေ့ကာလအထိ တရားဝင် ဖြစ်ကြောင်း နဲ့ လက်ရှိ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲမှာ မြန်မာစစ်တပ် အာဏာဆက်လက် ရယူနိုင်ရေးအတွက် ဟန်ပြပြုလုပ်မယ့် တရားဝင်မှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲ သာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ၂၀၀၈ အခြေခံဥပဒေသည် ပျက်ပြယ်ခဲ့ပြီးဖြစ်သလို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာ သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကလည်း ပြည်သူလူထုလက်မခံသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းခဲ့ပြီးဖြစ်တယ်လို့လည်းဆိုထားပါတယ်။

သတင်းမီဒီယာတွေမှာ ဖော်ပြနေမှုအရ စစ်ကောင်စီမှာ မြန်မာတနိုင်ငံလုံး အတိုင်အတာဖြင့် အပြည့်အဝ ထိန်း ချုပ်ထားနိုင်သည့် ဧရိယာမှာ ၂၁ ရာခိုင်နှုန်းသာရှိတော့ခြင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အကြမ်း ဖက် စစ်အုပ်စု က ပြုလုပ်ခဲ့တဲ့ ဟန်ပြသန်းခေါင်စာရင်း ကောက်ယူမှုတွင် မြို့နယ် (၈၀) ခန့်ကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး တနိုင်ငံလုံးရဲ့ လူဦးရေးစာရင်းကို ကောက်ခံနိုင်ခြင်းမရှိခြင်းမရှိခဲ့ဘူးလို့လည်းဖော်ပြထားပါတယ်။

ထို့ကြောင့် လက်ရှိစစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအခြေအနေမှည ပြည်သူလူထုကို လက်နက်နဲ့ ခြိမ်းခြောက်အဓမ္မ မဲထည့်ခိုင်းမည့် အခြေအနေ၊ မသမာသော နည်းလမ်းပေါင်းစုံဖြင့် မဲစာရင်းနှင့် မဲရလဒ်များ လိမ်လည်လုပ်ဆောင်နိုင်မည့် အခြေအနေ၊ ဂုဏ်သိက္ခာရှိသော လွတ်လပ်သည့် နိုင်ငံတကာနှင့် ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ မဆောင်ရွက်နိုင်သော အခြေအနေတွေမှာ အဓမ္မ လုပ်ကြံကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲသာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

Photo – MOI

ဆက်စပ် သတင်းများ

Most read