၅ ဖေဖော်ဝါရီ၊ ၂၀၂၅
၂၀၂၅ခုနှစ် ဇန်နဝါရီလအစောပိုင်း စတင်ပြီး စစ်ကောင်စီလ်အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေထံ ဖုန်းဖြင့်ဆက်သွယ်ကာ အကြောင်းပြချက်အမျိုးမျိုးပြောဆိုပြီး ငွေကြေးလိမ်လည် တောင်းဆိုမှုတွေပြုလုပ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် PPNM ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
PPNMရဲ့ အတည်ပြုထားနိုင်မှုအရ မန္တလေးအိုးဘိုအကျဥ်းထောင်၊ ဒိုက်ဦးအကျဥ်းထောင်၊မြိတ်အကျဥ်းထောင် တွမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျဉ်းဦးစီးဝန်ထမ်းတွေက နိုင်/ကျဉ်း မိသားစုဝင်တွေထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ယနေ့ အထိ ငွေကြေးလိမ်လည်တောင်းခံနေတာကိုကို စီစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
PPNM က စုံစမ်းသိရှိမှုအရ ဒိုက်ဦးအကျဉ်းထောင်က အဆောင်မှူး မျိုးသီဟအောင် အပါအဝင် ဒိုက်ဦးထောင်ရှိ ဝန်ထမ်းတွေက နိုင်/ကျဉ်း မိသားစုဝင်တွေထံမှ ငွေကြေး အနည်းဆုံး တစ်သိန်းမှ သိန်းတစ်ရာဝန်းကျင်အထိ လိမ်လည်တောင်းခံတဲ့ကိစ္စရပ်တွေကို သက်သေတွေနဲ့တစ်ကွ မှတ်တမ်းတင်ထားနိုင်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး မန္တလေး အိုးဘိုထောင် အကျဉ်းဦးစီးဝန်ထမ်းများ၊မြိတ် အကျဉ်းဦးစီးဝန်ထမ်းများ၊ ညောင်ဦး အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ ပခုက္ကူအကျဉ်းဦးစီး ဝန်ထမ်းတွေက အကျဥ်းသားတွေရဲ့ အစားအသောက် ၊ဆေးဝါးလိုအပ်ချက်တွေအပေါ် အခွင့်ကောင်းယူကာ အကျဉ်းသားမိသားစုဝင်တွေထံမှ ငွေကြေးလိမ် လည် တောင်းဆိုမှုတွေ လုပ်ဆောင်နေပြီး ဓာတ်ဆားထုတ်ဝယ်ယူရန်ဟုဆိုကာ မြန်မာကျပ်ငွေ ငါးသောင်းကျပ် မှစ၍ တစ်သိန်းကျပ်အထိ လမ်လည်တောင်းဆိုမှုတွေရှိနေယ်တယ်လို့ သိရပါတယ်။
ဒါကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေအနေ နဲ့ အထူးသတိထား သေချာစီစစ်မေးမြန်းပြီးမှသာ ငွေလွှဲရန် နဲ့ ငွေကြေးလိမ်လည်တောင်းခံလျက်ရှိတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေအနေနဲ့လည်း လိမ်လည် တောင်းခံနေတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့သတိပေးထားပြီး ဆက်လက်လုပ်ဆောင်နေပါက လူမှုရေးပြစ်ဒဏ် များပါပေးနိုင်ရေးအတွက် ကျုးလွန်သူကိုဓာတ်ပုံ နဲ့တကွ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ PPNM က အသိပေးထားပါတယ်။
Photo – PPNM