၂၂ ဇန်နဝါရီ ၊ ၂၀၂၅
စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အရည်အသွေးအဆင့် သတ်မှတ်ချက်ကို ဖယ်ရှားကြောင်း GANHRI ရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့ အစည်းတွေက ကြိုဆိုထောက်ခံခဲ့ပါတယ်။
စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရးဖို့ကိုလည်း တောင်းဆိုထားတာဖြစ်ပါ တယ်။
နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှပစိဖိတ်ဖိုရမ် (Asia Pacific Forum – APF) နှင့် အရှေ့တောင်အာရှ နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) တို့ကလည်း အခြေခံမူများအပေါ် ရပ်တည်ချမှတ်ခဲ့သော GANHRI ၏ ဆုံးဖြတ်ချက်ကို လိုက်နာပြီး MNHRC အား သက်ဆိုင်ရာ၎င်းတို့၏လူ့အခွင့်အရေးကွန်ရက်များမှ ချက်ချင်း ဖယ်ရှား ရန် ၎င်းတို့ဘက်မှ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့် အရေးဌာ နများ မဟာမိတ်အဖွဲ့၏ အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) မှ ၎င်း၏ “MNHRC သည် ပါရီအခြေခံမူများ၏ အနိမ့်ဆုံးလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရေး လုပ်ကိုင်ဆောင်ရွက်မှု မရှိကြောင်း” အတည်ပြုပြောကြားခဲ့ပါတယ်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ MNHRC မှ ယင်းဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ကြောင်း၊ သို့သော်လည်း အခြား GANHRI ဗျူရိုအဖွဲ့ဝင်များထံမှ လုံလောက်သော ပံ့ပိုးကူညီမှု မရခဲ့ဘူးလို့ ဆိုပါတယ်။
GANHRI သည် MNHRC ၏ အဆင့်သတ်မှတ်ချက်နှင့် အဖွဲ့ဝင်ဖြစ်နေခြင်းကို ၎င်းတို့ကမ္ဘာလုံးဆိုင်ရာကွန်ရက်မှ ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာအရပ်ဘက်လူထု အဖွဲ့အစည်းများအလုပ်အဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ စစ်အုပ်စုကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ MNHRC ၏ အစဥ် တစ်စိုက် နှုတ်ဆိတ်နေခြင်းနှင့် တုံ့ပြန်လုပ်ဆောင်မှုတစ်စုံတရာ မရှိနေခြင်းသည် ယုံကြည်စိတ်ချရသော၊ လွတ် လပ်အမှီအခိုကင်းသော၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီး (NHRI) များအတွက် စံနှုန်းသတ် မှတ် ထားသည့် ပါရီအခြေခံမူများကို ချိုးဖောက်နေခြင်းဖြစ်တာကြောင့် အရည်အသွေးအဆင့် သတ်မှတ်ချက် အား ဖယ်ရှားကြောင်း GANHRI ၏ အပြီးသတ်ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။
MNHRC သည် စစ်အုပ်စု၏ လက်ဝေခံအဖြစ် အလုပ်လုပ်ပေးနေသလို မှားယွင်းသော ထုတ်ဖော်တင်ပြမှုနှင့် တင်ပြပြောဆိုမှုများကို ထပ်လောင်းသံယောင်လိုက် ပြောဆိုနေခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများမှ တရားဝင်မှုရရှိရေး ဆောင်ရွက်ပေးနေကာ နောက်ဆုံးတွင် စစ်အုပ်စု၏ ရာဇ၀တ်မှုများတွင် အလိုတူအလိုပါ ဖြစ်နေတယ်လို့ ဆိုပါတယ်။
Photo – MNHRC