Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ ၃၁၈ အမြောက်တပ်ကို မွန်ပြည်သစ်ပါတီ(အာဏာရှင်တိုက်ဖျက်ရေး) ဝင်တိုက်

စစ်ကောင်စီရဲ့ ၃၁၈ အမြောက်တပ်ကို မွန်ပြည်သစ်ပါတီ(အာဏာရှင်တိုက်ဖျက်ရေး) ဝင်တိုက်

၂၁ မေ၊ ၂၀၂၅

မွန်ပြည်နယ် မော်လမြိုင် သံဖြူဇရပ်လမ်းမကြီးပေါ်ရှိ၊ မုဒုံမြို့နယ် ရောင်ဒေါင်းကျေးရွာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲ့ ၃၁၈ အမြောက်တပ်ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က မေလ ၂၀ ရက် နေ့လည် ၁၂ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရင်ဆိုင်တိုက်ပွဲ နာရီဝက်လောက် အတွင်း စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဘက်ကတော့ ရဲဘော် တဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read