Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကို တားဆီးပေးဖို့ မြောက်ပိုင်းမဟာမိတ်တွေ တရုတ်ကို တောင်းဆို

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကို တားဆီးပေးဖို့ မြောက်ပိုင်းမဟာမိတ်တွေ တရုတ်ကို တောင်းဆို

၇ ဩဂုတ် ၊ ၂၀၂၄

စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်နေမှုတွေကို တားဆီးပေးဖို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က တရုတ်နိုင်ငံကို ဩဂုတ်လ ၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲမရှိဘဲ ဒီလိုအရပ်သားတွေကို အကြောင်းမဲ့လေကြောင်းနဲ့တိုက်ခိုက်နေခြင်းဟာ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့ကဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိတဲ့ မြို့ရွာတွေ၊ စျေး၊ စာသင်ကျောင်းနဲ့ ဆေးရုံ အစရှိတဲ့ အရပ်သားတွေရှိတဲ့ အဆောက် အအုံတွေကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး အရပ်သားတွေကို သတ်ဖြတ်နေတာတွေ ဝိုင်းဝန်းဟန့် တာပေးဖို့ နိုင်ငံတကာကိုလည်း တောင်းဆိုတိုက်တွန်းတယ်လို့ ဖော်ပြပါရှိပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ မြို့ရွာတွေက အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ကြီးလေးတဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေ တာကို ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်နဲ့ မြောက်ဦး အစရှိတဲ့ မြို့နယ် တွေမှာ အရပ်သားတွေ သွားလာနေထိုင်တဲ့ စျေး၊ ကျောင်း၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ မြို့ရွာ တွေကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ အရပ်သားတွေကို အဓိကပစ် မှတ် ထားပြီး ဆက်တိုက် တိုက်ခိုက်နေတယ်လို့လည်း ရေးသားထားပါတယ်။

Photo – PSLF/ TNLA ( ဩဂုတ်လ ၆ ရက်တွင် ကွတ်ခိုင်မြို့ အရပ်သားနေအိမ်တွေပေါ် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ထားပုံ)

ဆက်စပ် သတင်းများ

Most read