Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ အဖွဲ့အစည်း ၃ ခုနဲ့ လူ ၁၃ ယောက်ကို ကနေဒါဒဏ်ခတ်ပိတ်ဆို့

စစ်ကောင်စီရဲ့ အဖွဲ့အစည်း ၃ ခုနဲ့ လူ ၁၃ ယောက်ကို ကနေဒါဒဏ်ခတ်ပိတ်ဆို့

၈ မတ်၊ ၂၀၂၅

စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ်နဲ့ အမှတ် ၃၃ ခြေလျင်တပ်ရင်း နဲ့ စစ်ကောင်စီအဖွဲ့ဝင် ၁၃ ယောက်ကို ကနေဒါအစိုးရက မတ်လ ၇ ရက်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့ လူပုဂ္ဂိုလ်တွေကတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးကိုကိုလှိုင်၊ ဦးအောင်ကျော်ဟိုး၊ ဒေါက်တာ ကံဇော်၊ ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကိုလေး၊ ဗိုလ်မှူးချုပ်လူမွန်၊ ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊ ဒေါ်သန်းသန်းလင်း၊ ဦးမင်းထွဋ်၊ ဦးထင်ကျော်သူ တို့ဖြစ်ကြပါတယ်။

ခုလိုအရေးယူရတာဟာ စစ်ကောင်စီက စနစ်တကျကျူးလွန်နေတဲ့ လူ့အခွင့်အရေချိုးဖောက်မှုတွေနဲ့ မြန်မာပြည်သူတွေ အပေါ်အကြမ်းဖက်မှုတွေ ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကနေဒါနိုင်ငံအနေနဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ အနာဂတ်ကို ဖော်ဆောင်ပေးမယ့် မြန်မာ ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်ပါတယ်။”လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly ကပြောပါတယ်။

ဒါ့အပြင် စစ်တပ်ကို လက်နက်တွေ မရောင်းချဖို့ နဲ့ လေယာဉ်ဆီ ဖြတ်တောက်ဖို့ကိုလည်း နိုင်ငံတကာအစိုးရတွေက ကနေဒါက တောင်းဆိုထားပါတယ်။ အာဆီယံအနေနဲ့လည်းမြန်မာအရေး ပိုပြီးအားစိုက်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ပုံစာ – ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly ကိုတွေ့ရစဉ်

Photo – The Canadian Press

ဆက်စပ် သတင်းများ

Most read