စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သားသစ်တွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးကူးပြောင်းခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ဇူလိုင် ၂၁ ရက်မှာ အသိပေးတိုက်တွန်းထားပါတယ်။
ပြည်သူ့ရင်ခွင်ဆီကို ကူးပြောင်းခိုလှုံလာကြမယ့် တပ်သားသစ်တွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေက နွေးထွေးစွာ ကြိုဆိုနေတယ်လို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်တာတွေကို တန်ပြန်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေ အမည်ခံပြီး အတင်းအဓမ္မ စစ်သား စုဆောင်းတာတွေကို ရက်စက်ကြမ်း ကြုတ်စွာ ဆောင်ရွက်နေတယ်ဆိုတာနဲ့ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၇ သောင်းနီးပါးကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းပြီး စစ်သင်တန်းတွေကို ပို့ဆောင်ခဲ့ကာ စစ်မြေပြင်တွေကိုစေ လွှတ်အသုံးချနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်း အပတ် စဉ်အလိုက် လူဦးရေ ၄ ထောင်အနည်း ဆုံးရရှိဖို့ကြိုးပမ်းနေပြီး အပတ်စဉ်တခုနဲ့တခု လူဦးရေရရှိမှု မပြည့်မီတာကြောင့်မြင်တွေ့သမျှ လူငယ်တွေကိုအရှိန်အဟုန်မြှင့် အဓမ္မဖမ်းဆီးနေတယ်လို့ဆိုပါတယ်။
စစ်မှုထမ်းဖို့လိုအပ်တဲ့ အရေအတွက် မပြည့်မီရင် ဗဟိုအဖွဲ့က သတ်မှတ်ပေးတဲ့ နည်းလမ်းတမျိုးမျိုးနဲ့ ရွေးချယ်နိုင်ကြောင်း၊ မိသားစုအတွင်း စစ်မှုထမ်းနေသူ ရှိလင့်ကစား ကျန်အကျုံးဝင်သူတွေကိုလည်း ခေါ်ယူမှာဖြစ်ကြောင်း၊ စစ်မှု ထမ်း ပျက်ကွက်ရင် မိသားစုဝင်တွေကိုပါ အရေးယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းပြီးသူတွေအပါအဝင် မည်သူကိုမဆို အရေးပေါ် အခြေအနေအကြောင်းပြချက်နဲ့ ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွာခွင့်ကိုလည်း တားမြစ်နိုင်ကြောင်း၊ စစ်သင်တန်းပြီးပါက အကြမ်းဖက် စစ်ကောင်စီရဲ့ ကကကြည်းက စေလွှတ်မယ့် ဒေသများကို သွားရောက်ရမှာဖြစ် ကြောင်းစတဲ့ နည်းလမ်းမျိုးစုံဖြင့် ထင်ရာစိုင်းလုပ်ပိုင်ခွင့်တွေကို တရားလက်လွတ်ပေးအပ်ထားကာ လူငယ်တွေရဲ့ ဘဝနဲ့ အ သက်ကို လောင်းကြေးထပ်ချနင်းဖျက် ဆီးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် နိုင်ငံတဝန်းမှာ ခရီးသွားလာခွင့်တွေကို တင်းကျပ်ကန့်သတ်ပြီး မြို့ရွာအ ဝင်အထွက်တွေနဲ့ လမ်းမတွေပေါ်မှာ လူ ငယ်တွေကို ပြောင်ပြောင်တင်းတင်း အ ဓမ္မဖမ်းဆီးနေတဲ့အပြင် စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို နည်းပညာအသုံးပြုတည်ဆောက်နေပြီး လူငယ်တွေကို မှတ်တမ်းတင် စာရင်း သွင်းကာ သားကောင်တွေသဖွယ် ပိတ်လှောင်အသုံးချဖို့ အကွက်ကျကျ ပြင် ဆင်လျက်ရှိတယ်လို့ ဆိုပါတယ်။
မြေပြင်မှာ အလင်းဝင်လာတဲ့ အဓမ္မစုဆောင်းခံတပ်သားသစ်များရဲ့ ထွက်ဆိုချက်တွေအရ စစ်ကောင်စီရဲ့အဓမ္မစုဆောင်းခံရသူတွေကိုတိုက်ပွဲဒေသတွေမှာရှေ့ထွက်အသေခံ တပ်သားတွေအဖြစ် ရက်စက်စွာအသုံးချလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးတွေကို အမိန့်ပေးသုံးစွဲစေပြီး စစ်တိုက်ခိုင်းတာတွေရှိကြောင်း သိရှိရသဖြင့် အဲဒီလူငယ်တွေရဲ့ အသက်ကို တန်ဖိုးမထားတာများစွာပေါ်လွင်ထင်ရှားတယ်လို့ ဆိုပါတယ်။
အဲဒီလို အခြေအနေတွေကြောင့် အဓမ္မ စုဆောင်းခံရသော တပ်သားသစ်တွေအနေနဲ့ စစ်ကောင်စီ ယန္တရားအောက်မှာ ဆက်လက် အသုံးချမခံရစေဖို့ အခွင့် အခါသင့်တာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ တိုင်းရင်းသား တော် လှန်ရေးအဖွဲ့အစည်းတွေထံကို ဘက်ပြောင်းခိုလှုံလာတာတွေ၊ မြေပြင်မှာ တနေ့တခြား တိုးပွားလာပြီး၊ ဒါဟာ စစ်ကောင်စီဘက်မှာ ရပ်တည်လိုစိတ် မရှိတဲ့ ပြည်သူ့သားကောင်းတွေရဲ့ မှန်ကန်တဲ့ရွေးချယ်မှုပင်ဖြစ်တယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်တွေက ၎င်းတို့ရဲ့ကိုယ် ကျိုးစီးပွားနဲ့အာဏာတည်မြဲရေးအတွက် ပြည်သူတွေရဲ့အသက်ကို မည်သည့်နည်းဖြင့်မဆို ထိုးကျွေးအသုံးချဖို့ လက်မရွံ့တဲ့ သူများဖြစ်တာကို အထင်အရှား မြင်တွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ – စစ်မှုထမ်းရန်စုဆောင်ခံရသူများကိုတွေ့ရစဉ်
ဓါတ်ပုံ – စစ်ကောင်စီ


