Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ အစိုးရအသစ်ဖွဲ့စည်းမှု ပညာရေးဝန်ကြီးဌာနကို ချန်လှပ်ထား

စစ်ကောင်စီရဲ့ အစိုးရအသစ်ဖွဲ့စည်းမှု ပညာရေးဝန်ကြီးဌာနကို ချန်လှပ်ထား

၃၁ ဇူလိုင် ၂၀၂၅

ဒီနေ့ ဇူလိုင် ၃၁ ရက် စစ်ခေါင်ဆောင် မင်းအောင်လှိုင်ရဲ့အစိုးရအသစ်ဖွဲ့စည်းမှုမှာ အခြားဝန်ကြီးဌာနတွေ ပါဝင်ပေမယ့် ပညာရေးဝန်ကြီးဌာန ပါဝင်လာတာမရှိဘဲ ချန်လှပ်ခံထားတာကို တွေ့ရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဖွဲ့စည်းလိုက်‌ပေးလိုက်တဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့မှာ ဝန်ကြီးဌာန ၂၉ ခုအထိ ထည့် သွင်းဖွဲ့စည်းထားပေမယ့် ပညာရေးဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းထားခြင်း မရှိတာကို တွေ့ရပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစိုးရအသစ်မှာ ဝန်ကြီးချုပ်နေရာအတွက် ဗိုလ်ချုပ်ကြီး ညိုစောကို ဦးညိုစောလို့သုံး နှုန်းထားတဲ့အတွက် ဒါဟာစစ်ဘက်ဆိုင်ရာ ရာထူးတွေကို ရုတ်သိမ်းပြီး၊ အရပ်ဘက်ကို ပြောင်းလဲတာဝန်ပေးတာအပ်တာဖြစ်တယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ သ တင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ညိုစောဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အနီးကပ်အကြံပေးလူယုံတစ်ဦးဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မြဝတီဘဏ်တွေမှာ ဥက္ကဌအဖြစ်လည်း ရယူထားသူ ဖြစ်ပါတယ်။

ပညာရေးကဏ္ဍကို အဆင့်မြှင့်ဖို့ အကြိမ် ကြိမ်ပြောကြားခဲ့ဖူးတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပညာရေးဝန်ကြီးဌာနကို ဘယ်လို ဆက်လက်လည်ပတ်မယ်ဆိုတာကို ဇူလိုင် ၃၁ရက်နေ့ မွန်းလွဲ ၁နာရီထိ ထပ်မံထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဓာတ်ပုံ – MOI

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး